တိုင်းပါတီလုပ်​ငန်းစိစစ်​​ရေး​ကော်​မတီနှင့်​ မ​ကွေမြို့နယ်​ပါတီ​ကော်​မတီတို့၏ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပပြုလုပ်

ကွေး၊ ဧပြီ ၂

မ​ကွေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံဖြိုး​ရေးပါတီ တိုင်းလုပ်​ငန်းစိစစ်​​ရေး​ကော်​မတီနှင့်​ မ​ကွေးမြို့နယ်​ပါတီ​ကော်​မတီဝင်​များ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​နေ့ ၁၀း၀၀ နာရီတွင်​ တိုင်းပါတီအစည်းအ​ဝေးခန်းမ၌ ပြုလုပ်​ခဲ့ရာ အခမ်းအနားသို့ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်၊ တိုင်း​ဒေသကြီးပါတီဘဏ္ဍာ​ရေးမှူး ဦးကြည်​ထွန်း၊ တိုင်းလုပ်​ငန်းစိစစ်​​ရေးတာဝန်​ခံ ဦး​စောဝင်း​မောင်​၊ မ​ကွေးခရိုင်​ပါတီဥက္ကဌ ဦးထွန်းရှိန်​၊ မကွေးမြို့နယ်​ပါတီဥက္ကဌ ဦး​အောင်​သိန်း​ကျော်​၊ အတွင်း​ရေးမှူး ဦးတင်​မျိုး​ဇော်​၊ ဘဏ္ဍာ​ရေးမှူး ​ဒေါ်စုစု​နောင်​နှင့်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ တက်​​ရောက်​ခဲ့ကြပါသည်​။

အစည်းအ​ဝေးတွင်​ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူးမှ မျက်​​မှောက်​နိုင်​ငံ​​ရေးအ​ခြေအ​နေများ၊ ပါတီဝင်​များ ခံယူ လိုက်​နာရမည့်​ ကျင့်​ဝတ်​များ၊ လုပ်​ငန်းတာဝန်​များ၊ ပါတီတွင်းစည်းလုံးညီညွတ်​​ရေးဆိုင်​ရာများ ရှင်းလင်း
ဆွေး​နွေးခဲ့ပြီး တိုင်းလုပ်​ငန်းစိစစ်​​ရေး​တာဝန်​ခံ ဦး​စောဝင်း​မောင်​နှင့်​အဖွဲ့မှ ရုံးလုပ်​ငန်းဆိုင်​ရာများ၊ ‌​​ရေးရာအလိုက်​​ဆောင်​ရွက်​မှုများ စနစ်​တကျရှိ​ရေး စိစစ်​တည့်​မတ်​​ပေးကြပါသည်​။

ဆက်​လက်​၍ တက်​​ရောက်​လာသူများမှ နယ်​​မြေကွင်းဆင်း​​ဆောင်​ရွက်​မှု လုပ်​ငန်းအ​တွေ့အကြုံများ တင်​ပြမှုအ​ပေါ် ပြန်လည်​ ရှင်းလင်း​ဆွေး​နွေးကြပြီး ၁၂း၀၀ နာရီတွင်​ အစည်းအ​ဝေး ပြီး​မြောက်​ခဲ့ပါသည်​။

Min Zaw