ဒလပြည်ခိုင်ဖြိုးမှဖွင့်လှစ်သည့်မြန်မာ့ရိုးရာသိုင်း သင်တန်းဆင်းပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ် ရေးရာကော်မတီမှကြီးမှူး၍ လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး၊ကျန်းမာကြံ့ခိုင်ရေးနှင့်မြန်မာ့ရိုးရာသိုင်းပညာ တိုးတက် ပြန့်ပွားရေးတို့ကိုရည်ရွယ်၍ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်နှင့် ပူးပေါင်း ကာ ယခုလ ၁ ရက်မှ ၁၅ ရက်အထိ ဖွင့်လှစ်ခဲ့သည့် အခြေခံသိုင်း ပညာသင်တန်းအမှတ်စဉ်(၁/၂ဝ၁၇) သင်တန်းဆင်းပွဲအခမ်းအနား ကို ယမန်နေ့နံနက်၁ဝနာရီက ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ဒလမြို့နယ်ပြည်ခိုင်ဖြိုးပါတီနာယက ဦးဌေး ရှိန်၊ဦးတင့်ခိုင်၊ ဥက္ကဋ္ဌဦးသန်းနိုင် နှင့်မြို့နယ်ကော်မတီဝင်များ၊ မြန် မာနိုင်ငံရဲတပ်ဖွဲ့ ဒလမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးရဲမြင့်၊ ဒလမြို့နယ်စစ်မှု ထမ်းဟောင်းအဖွဲ့အတွင်းရေးမှူးဦးအေးမောင်၊ မြန်မာနိုင်ငံသိုင်း အဖွဲ့ ချုပ် ဒလမြို့နယ်အတွင်းရေးမှူး ဦးဘွန်ချိန်နှင့်နည်းပြများ၊ မြို့မိ မြို့ဖများနှင့်အလှူရှင်များ၊ ပါတီဝင်များ၊ သင်တန်းသားသင်တန်း သူများ တက်ရောက်ခဲ့ကြသည်။အစီအစဉ်အရ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီနာယက ဦးဌေးရှိန်နှင့်ဥက္ကဋ္ဌ ဦးသန်းနိုင်တို့က အမှာစကားပြော ကြားပြီး စံပြဆုရရှိသောသင်တန်းသားများအားဆုချီးမြှင့်ခြင်း၊ အလှူ ရှင်များအား ဂုဏ်ပြုလွှာများပေးအပ်ခြင်းများ ဆက်လက်ပြုလုပ်ခဲ့ ကြပြီး သင်တန်းသူသင်တန်းသားများက မြန်မာ့သိုင်းပညာဂုဏ်ပြု သရုပ်ပြကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

သူရအောင်(ပျော်ဘွယ်ကြီး)