ဘီလူးကျွန်း – ချောင်းဆုံဒေသဖွံ့ဖြိုးတိုးတက်ဖို့ ခြင်္သေ့ပါတီကို မဲ ပေးစို့
- နိုင်ငံရေးပါတီတွေဟာ မိမိပါတီကို နိုင်ငံရေး လူမှုရေး စီးပွားရေး ပြည့်သူ့ရေးရာစီမံခန့်ခွဲရေးကိစ္စ အဖြာဖြာကို ကျွမ်းကျင်နှံ့စပ်အောင် မပြတ်လေ့လာပြင်ဆင်ပြီး အချိန်အခါရောက်လာလို့ ပြည်သူက ရွေးချယ်တာဝန်ပေးရင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်နိုင်အောင် ပြင်ဆင်ထားကြသလို ကျွန်တော်တို့ပါတီကိုလည်း အလားတူပြင်ဆင်လေ့ကျင့်ထားပြီးဖြစ်ပါတယ်။
- ဒီမိုကရေစီနိုင်ငံတွေမှာအမြဲနိုင်တဲ့ပါတီမရှိသလို အမြဲရှုံးနေတဲ့ပါတီလည်း မရှိတာတွေ့ရမှာဖြစ်လို့ ပြည်သူကလည်း ပြည်သူ့ဘဝနဲ့ လက်တွေ့ထင်ဟပ်အောင် ဆောင်ရွက်ပေးနိုင်မယ့်ပါတီကို မဲပေး ရွေးချယ်ကြရမှာဖြစ်ပါတယ်။
- နိုင်ငံသားတွေရဲ့ဘဝလုံခြုံရေး ဥပဒေကပေးထားတဲ့ အခြေခံလူ့အခွင့်အရေးတွေကို ဥပဒေနဲ့အညီ ရရှိခံစားနိုင်ရေးအတွက် ပရဟိတစိတ်၊ လူမှုရေးအခြေခံတဲ့ လုပ်ဆောင်ချက်များနဲ့ ပြည်သူတို့ရဲ့ လူမှု စီးပွားဘဝ အနာဂါတ်မှာ ပိုမိုပြောင်းလဲတိုးတက် ကောင်းမွန်အောင်ဆောင်ရွက်နိုင်မယ့် ပါတီနဲ့ ကိုယ်စားလှယ်များကို နှလုံးသားရော အတွေးအခေါ်များနှင့်ပါ ဦးစားပေးရွေးချယ်ပေးကြပါလို့
- ပြည်ခိုင်ဖြိုးပါတီမှ မဲဆန္ဒရှင် မိဘလုပ်သားပြည်သူ ညီအစ်ကိုမောင်နှမအပေါင်းတို့အား တိုက်တွန်း အကြံပြု နှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။
- အမှန်တကယ်ပြောင်းလဲဖို့
- ပြည်ခိုင်ဖြိုးကိုမဲပေးစို့။
#credit Tin MaungZaw