နွားထိုးကြီးပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ဆက်ဆံရေးနှင့် အခြေခံသတင်းမီဒီယာ သင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးမှ ပြည်သူ့ဆက်ဆံရေးနှင့် အခြေခံ သတင်းမီဒီယာသင်တန်းဖွင့်ပွဲကို မတ်လ (၆) ရက် နံနက် (၉) နာရီ (၃၀) မိနစ်အချိန်က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ နွားထိုးကြီးမြို့နယ်ပါတီဥက္ကဋ္ဌမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။

သင်တန်းကို မန္တလေးတိုင်းပါတီကော်မတီဝင် ဦးအောင်နိုင်ဦး၊ မန်းခရိုင် အတွင်းရေးမှူး ဦးကျော်ဆန်း မန်းခရိုင် ကော်မတီဝင် ဦးဝင်လှိုင်ငြိမ်း၊ ချမ်းမြသာစည်မြို့နယ် အတွင်းရေးမှူး ဦးကျော်သက်ထွန်း၊ ချမ်းအေးသာစံမြို့နယ် အတွင်းရေးမှူး ဦးညီညီမင်းတို့မှ အလှည့်ကျ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး