အဇာဘိုင်ဂျန်သမ္မတက ၎င်း၏ ဇနီးကို ဒုတိယသမ္မတအဖြစ် ခန့်အပ်

အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ် အလီယက်ဗ်က ၎င်း၏ဇနီးဖြစ်သူ မီဟရီဘန် အလီယက်ဗ်ကို နိုင်ငံ၏ ဒုတိယသမ္မတ (၁)အဖြစ်ခန့်အပ်သည့် အမိန့်ကို ဖေဖော်ဝါရီ ၂၁ ရက်တွင် လက်မှတ်ရေးထိုး လိုက်ကြောင်း သမ္မတရုံး ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

 

အဆိုပါ ဒုတိယသမ္မတ(၁) ရာထူးနှင့် ဒုတိယသမ္မတ ရာထူးများကို လွန်ခဲ့သည့် စက်တင်ဘာလတွင် ပြုလုပ်ခဲ့ သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ယင်းဆန္ဒခံယူပွဲတွင် သမ္မတ သက်တမ်းကိုလည်း ငါးနှစ်မှ ခုနစ်နှစ်သို့ တိုးမြှင့်လိုက်သည်။

ပြင်ဆင်ဖြည့်စွက်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဒုတိယသမ္မတ ရာထူးများကို သမ္မတက ခန့်အပ်ပိုင်ခွင့် နှင့် ဖြုတ်ချပိုင်ခွင့်ရှိမည်ဖြစ်သည်။

အသက်(၅၂)နှစ်ရှိ မီဟရီဘန် အလီယက်ဗ်သည် အဇာဘိုင်ဂျန်တွင် ရိုးရာစာပေနှင့် ဂီတအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်ခဲ့သည့် စွမ်းဆောင်မှု များကြောင့် ၂ဝဝ၄ ခုနှစ် ယူနက်စကို သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရသည်။

မီဟရီဘန် အလီယက်ဗ်သည် လွှတ်တော်အမတ်တစ်ဦးဖြစ်သကဲ့သို့ အဇာဘိုင်ဂျန်နိုင်ငံ၏ ကျွမ်းဘားအားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌလည်း ဖြစ်သည်။

(ဆင်ဟွာ)
The Mirror Daily