ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း မိတ်ဆက်

 

အမည် – —————–ဦးခင်မောင်အေး
ပါတီ ——————– ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
အဖအမည် —————– ဦးအောင်ဥာဏ်
ပညာအရည်အချင်း – ———– MA (English); M.P.A; DIR; DOS;
Diploma in English; B.Sc (Physics)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် —————– အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း

ရန်ကုန်တိုင်းဒေသကြီး ၊ အမျိုးသားလွှတ်တော်
မဲဆန္ဒနယ်အမှန် ( ၆ ) (လှိုင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်
အလုံ၊ လမ်းမတော၊် လသာ၊ ဆိပ်ကမ်း။
ဦးခင်မောင်အေး၏ ကိုယ်ရေးအကျဉ်း –

လုပ်သားပြည်သူ့နေ့စဉ် ( အင်္ဂလိပ်) သတင်းစာတိုက်တွင် အယ်ဒီတာအဖြစ် လည်းကောင်း၊ The Myanmar Times သတင်းနှင့် စီးပွားရေးဂျာနယ်တွင် ဒုတိယ အယ်ဒီတာချုပ်အဖြစ်လည်းကောင်း၊ စာအုပ်ထုတ်ဝေရေး ဒါရိုက်တာ အဖြစ်လည်းကောင်း၊ ပေါ်ပြူလာ၊ Popular News စသည့် စာစောင် ခြောက်စောင်ကို ထုတ်ဝေသော Asian Fame Media Group တွင် Vice Chairman အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် The Trade Times Media Group က ထုတ်ဝေသော The Trade Times (မြန်မာ) နှင့် The Trade Times ( အင်္ဂလိပ်) သတင်းဂျာနယ် နှစ်စောင်လုံးတွင် အယ်ဒီတာချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် The Global New Light of Myanmar တွင် အယ်ဒီတာချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် – Myanmar Maritime University ( MMU ) တွင် အချိန်ပိုင်း အင်္ဂလိပ်စာ ကထိကအဖြစ် ခုနှစ်နှစ်တိုင်တိုင် သင်ကြားပို့ချခဲ့သည်။ အလွတ်ပညာသင်ကြားရေးတာဝန်ကို ဆရာ K.M.A (လုပ်သားအင်္ဂလိပ်အယ်ဒီတာဟောင်း ) အမည်ဖြင့် ၁၉၇၇ ခုနှစ်မှ စတင်ပြီး အင်္ဂလိပ်စာကို သင်ကြားပို့ချလျက်ရှိသည်။

ဒီမိုကရေစီနိုင်ငံရေးလှုပ်ရှားမှု –

– ၁၉၇၄ ခုနှစ်၊ ဦးသန့်အရေးအခင်း
– ၁၉၇၅ ခုနှစ် ၊ အလုပ်သမားအရေးအခင်းနှစ်ပတ်လည်
– ၁၉၇၆ ခုနှစ်၊ မှိုင်းရာပြည့်အရေးအခင်း လှုပ်ရှားမှုများတွင် မော်လမြိုင် ကောလိပ်သပိတ်ကော်မတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ၁၁ ဦး ပါဝင်ခဲ့သည်။
၁၉၈၈ ခုနှစ် အရေးအခင်း၌ သတင်းနှင့်စာနယ်ဇင်းကော်ပိုးရေးရှင်းက ဆင်နွှဲ ခဲ့သော လှုပ်ရှားမှုတွင် ကော်ပိုရေးရှင်းအဆင့် သပိတ်ကော်မတီ၌ အတွင်းရေး မှူး ( ဆော်သြရေးမှူး) လေးဦးတွင် ပါဝင်ခဲ့သည်။ မိမိမှအပ ကျန်အတွင်းရေး မှူး သုံးဦးမှာ သတင်းစာဆရာကြီးများဖြစ်ကြသော ဦးစိုးသိမ်း ( မောင်ဝံသ – ကွယ်လွန် )၊ ဦးစိန်လှဦး ( ယခင်အင်န်အယ်လ်ဒီ စီအီးစီနှင့် ယခု အင်န်ဒီ အက်ဖ်ပါတီနာယက ) နှင့် ဟန်ဂေရီ ဦးကိုကြီးတို့ဖြစ်ကြသည်။ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ လှုပ်ရှားမှုတွင် ခေါင်းဆောင်အဆင့်မှ တက်ကြွစွာ ပါဝင်မှုကြောင့် ကျောင်းထုတ်ခံခဲ့ရသည်။

၁၉၈၈ ခုနှစ် အရေးအခင်းတွင်လည်း ခေါင်းဆောင်အဖြစ်မှ တက်ကြွစွာ ပါဝင်မှုကြောင့် အညိုရောင် (ခဲရောင်) ၀န်ထမ်းအဖြစ် အရောင်သတ်မှတ်ခြင်း ခံခဲ့ရသည်။ စင်စစ်မှု အနက်ရောင်ဝန်ထမ်းအဖြစ် မသတ်မှတ်ခြင်းမှာ အင်္ဂလိပ်စာပညာရှင်ဖြစ်ပြီး လုပ်သားပြည်သူ့နေ့စဉ် အင်္ဂလိပ်စာသတင်းစားကို ဆက်လက်ထုတ်ဝေရန် ပညာရှင်ရှားပါးမှုကြောင့်လည်းကောင်း၊ မိမိကို တာဝန်ခံသော ဒုတိယညွှန်ကြားရေးမှူးတစ်ဦး နှင့် အယ်ဒီတာချုပ်နှစ်ဦးတို့ ကြောင်းလည်း ဖြစ်သည်။

နိုင်ငံရေးကတိက၀တ် –

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကြီးတွင် အမျိုးသားလွှတ်တော် မဲဆန္ဒ နယ် အမှတ် ( ၆ ) ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခြင်း မှာ –
– အဂတိလိုက်စားမှု တိုက်ဖျက်ရေး
– ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး
– စာနယ်ဇင်း လွတ်လပ်ခွင့် ရရှိရေးတို့အတွက် လွှတ်တော်တွင် စည်းရုံး လှုပ်ရှား အဆိုတင်သွင်းနိုင်ရန်ဖြစ်သည်။ မိမိအနေဖြင့် နိုင်ငံရေးပါတီ ပြင်ပ လှုပ်ရှားမှုများတွင် ကောလိပ်ကျောင်းသားဘ၀ ကတည်းက တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့သကဲ့သို့ နိုင်ငံ့ဝန်ထမ်းဘ၀ဖြစ်သော လုပ်သာပြည်သူ့နေ့စဉ် ( အင်္ဂလိပ်) သတင်းစာတိုက်တွင် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလ တွင်လည်း ၈၈၈၈ အရေးအခင်းတွင် ကော်ပိုရေးရှင်းအဆင့် ထိပ်တန်း ခေါင်းဆောင်တစ်ဦးအနေဖြင့် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

မိမိလွှတ်တော်တွင်းသို့ရောက်ရှိသောအခါ အထက်ဖော်ပြပါ လှုပ်ရှားမှုသုံးရပ် တွင် ကိုယ်တိုင် တက်ကြွစွာပါဝင်ဆောင်ရွက်မည်ဖြစ်သကဲ့သို့ မည်သည့်ပါတီ မဆိုမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စား လှယ်များ၏ အမျိုးသားရေး၊ တိုင်းရင်းသားရေး၊ ပြည်ထောင်စုအရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး စသည့်လှုပ်ရှားမှု အားလုံးတွင်လည်း တက်ကြွစွာထောက်ခံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကတိပြုအပ်ပါ သည်။

ပြည်ပအတွေ့အကြုံ

ဥရောပကိုးနိုင်ငံ၊ အာရှလေးနိုင်ငံသို့ မီဒီယာလေ့လာရေးခရီးစဉ်များအနေဖြင့် လည်းကောင်း၊ ကိုယ်ပိုင်အားလပ်ရက် လေ့လာရေးခရီးစဉ်များ အနေဖြင့် သွားရောက်ခဲ့ပါသည်။

အမှန်တကယ်ပြောင်းလဲဖို့ ပြည်ခိုင်ဖြိုးကို မဲပေးစို့…

Crd ; Saya Aye