ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင် တိုင်းဒေသကြီး ခရိုင် မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကော်မတီရုံးတွင် ဖောဖော်ဝါရီ (၇) ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင်က ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီ ဝင်များနှင့် တွေ့ဆုံ၍ လူထုဟောပြောမှုအတတ်ပညာ အကြောင်း ဟောပြောပို့ချခဲ့သည်။

ဟောပြောပို့ချပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီ အတွင်းရေးမှူး ဦးသာဝင်းနှင့် ကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ်ပါတီ ကော်မတီဝင်များ တက်ရောက်ကြပြီး ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင်က ဟောပြောပို့ချရာ တွင် စကားပြောကောင်းသူများဖြစ်ဖို့လို ကြောင်း၊ အပြောကောင်းသူများဖြစ်ဖို့ အကောင်းပြောဖို့လိုအပ်ကြောင်း၊ အကောင်းပြောတတ်ရန်အတွက် မိမိကိုယ်တိုင်ကောင်းမွန်သည့် အမူအကျင့်ရှိသူဖြစ်ဖို့ လိုအပ်ကြောင်း၊ မိမိပြောလို သည့်စကားကို အခြားသူလက်ခံလာအောင် ကျိုးကြောင်း ဆက်စပ်၍ပြောတတ်သူသည် စကားပြောကောင်းသူများ ဖြစ်ကြောင်း၊ ရယ်ရွှင်စရာများ ညှပ်၍ ပြောဖို့လိုကြောင်းနှင့်ကိုယ် ရည်ကိုယ်သွေြး<ွကားဝါသည့်စကား မပြောမိဖို့ လိုအပ်ကြောင်း၊ ဟန်အမူအရာဖြင့်လည်းကောင်း၊ စကားဖြင့်လည်းကောင်း မစော်ကားမိဖို့လိုကြောင်း၊ မမှန်မကန် သော စကားကိုလည်း ဖန်တီး၍ မပြောသင့်ကြောင်း၊ ပြောရဲဆိုရဲရှိဖို့ ပြောစရာစကား ဝမ်းစာရှိဖို့လိုကြောင်း စသည်ဖြင့် ဟောပြောမှု အတတ်ပညာနှင့်ပတ်သက်၍ သိသင့်သည့်အချက်အလက်များကို ဟောပြောဆွေးနွေး ခဲ့သည်။

ထိန်ဝင်း(ကြည့်မြင်တိုင်)