မုဒုံပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲ ပြုလုပ်

 

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ယနေ့ ဇန်နဝါရီ(၁၇)ရက်နေ့ နံနက် (၁၀:၀၀)ချိန်တွင် လူငယ်တွေ့ဆုံပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ပါတီအတွင်းမှူးမှ တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး ၊ ပြည်နယ်ပါတီလူငယ့်ရေးရာ တာဝန်ခံ ၊ပြည်နယ်ပါတီကော်မတီဝင် ဒေါက်တာတိုးတိုးအောင်မှ လူငယ်များ၏ အရေးပါပုံများ၊လူငယ်ကဏ္ဍများအား ပြောကြားကာ၊ မြို့နယ်ပါတီဥက္ကဌ ဦးကျော်ကျော်လွင်မှ လူငယ်ရေးရာဆိုင်ရာ ကိစ္စရပ်များ၊လူငယ်ထုအင်အားများဖြင့် နိုင်ငံတော်အတွက် အကျိုးကြီးပုံများကို ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်တာဝန်ခံမှ လူငယ်များအား ဝိုင်းဖွဲ့ခြင်း၊ စုစည်းခြင်း၊ အတွေ့အကြုံများ ဖလှယ်ခြင်းများ၊ လူငယ်များ ရင်းရင်းနှီးနှီးရရှိစေရန်အတွက် ဂိမ်းများ ကစားခြင်း၊ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းအစီအစဉ်များအား ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး မွန်းလွှဲ(၀၃:၀၀)နာရီချိန်တွင် တွေ့ဆုံပွဲကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

လူငယ်တွေ့ဆုံပွဲအခမ်းအနားကို ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် ပြည်နယ်ပါတီကော်မတီဝင်များ၊ မော်လမြိုင်ခရိုင် ဥက္ကဌနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌနှင့် ကော်မတီဝင်များ၊ အစိမ်းရောင်အလင်းတန်း လူငယ်ပရဟိတအဖွဲ့မှ လူငယ်များ၊ ရပ်/ကျေးစည်းမှူးများ အင်အားစုစုပေါင်း(၈၀)ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်