ဘယ်လို လူတွေကို ခြင်ပိုကိုက်သလဲ

အတူတူရှိနေကြပေမယ့် တစ်ခါတလေမှာ ကိုယ်ကခြင်ကိုက်ခံနေရပြီး သူများတွေကိုတော့ ခြင်ကိုက်မခံရတာတွေ ကြုံဖူးကြမှာပါ။ ဘယ်လို အခြေအေ ရှိတဲ့လူတွေ ခြင်ပိုကိုက်ခံရတယ် ဆိုတာ ဖော်ပြလိုက်ပါတယ်။

 

ကိုယ်ဝန်ဆောင်

ခြင်ကိုက်တယ်ဆိုတာ ခြင်မတွေက ကိုက်တာပါ။ ခြင်မတွေဟာ ခြင်ကိုက်မယ့်သူကို အာရုံခံတဲ့အခါမှာ ကာဗွန်ဒိုင် အောက်ဆိုဒ်ကို အာရုံခံကြပါတယ်။ အမျိုးသမီးအနေနဲ့ဆိုရင်တော့ ကိုယ်ဝန်ဆောင်ပြီး မီးမဖွားခင်ကာလမှာ (ကိုယ်ဝန် ၂၈ ပတ်) ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုက ကိုယ်ဝန်မရှိသူထက် ၂၁ ရာခိုင်နှုန်း ပိုထုတ် တတ်တာကြောင့် ကိုယ်ဝန်ရှိနေစဉ်မှာ ခြင်ကိုက်ခံရနိုင်တာပါ။

ချွေးရွှဲနေရင်

အားကစားလုပ်တဲ့သူတွေထဲမှာ အိမ်တွင်းအားကစားလုပ်တဲ့သူရှိသလို အပြင်မှာ အားကစားလုပ်ကြသူတွေလည်း ရှိပါတယ်။ ပြင်းပြင်းထန်ထန်လှုပ်ရှားပြီး အားကစားလုပ်တာမို့ ချွေးထွက်လာတဲ့အခါ လက်တစ်အက်ဆစ် ထွက် လာပါတယ်။ ဒါဟာ ခြင်ကိုက်ဖို့ ခြင်တွေကိုဆွဲဆောင်လိုက်တာပဲ။ ကိုယ်ခန္ဓာအပူချိန် မြင့်နေတာဟာလည်း ခြင်ကိုက်စေဖို့ ခြင်တွေကို ပိုဆွဲဆောင်လိုက်တဲ့ အချက်တစ်ချက်ပါပဲ။

အိုသွေးပိုင်ရှင်

လူတွေမှာ ကိုယ်ကြိုက်တဲ့အရသာတစ်ခုရှိသလိုပါပဲ။ ခြင်တွေမှာလည်း သူတို့ကြိုက်တဲ့ အရသာရှိပါတယ်။ သုတေသနတစ်ခုအရတော့ ခြင်တွေဟာ အိုသွေးအမျိုးအစားကို ပိုကြိုက်ပါတယ်။ အိုသွေးရဲ့ အနံ့ဟာ ခြင်တွေကို ပိုဆွဲဆောင်တယ်လို့ ဆိုပါတယ်။

အရက်၊ ဘီယာ သောက်တဲ့သူ

အရက်ကြောင့် ခြင်ကိုက်ခံရဖို့ အခွင့်အရေး ပိုများစေပါတယ်တဲ့။ အနောက် အာဖရိကမှာ လုပ်ခဲ့တဲ့ စစ်တမ်းတစ်ခု အရဆိုရင် ရေ ဒါမှမဟုတ် ဘီယာသောက်ထားတဲ့လူဟာ ပိုပြီးတော့ ခြင်ကိုက်ခံရနိုင်ပါတယ်တဲ့။ ဂျပန်မှာ လုပ်ခဲ့တဲ့ အခြား သုတေသန တစ်ခုအရဆိုရင်လည်း အရက်သောက်ထားတဲ့သူတွေက ခြင်တွေကို ပိုဆွဲဆောင်တယ်လို့ ဆိုပါတယ်။

Reference: http://time.com


Leave a Reply