ကွမ်းရွက်ကို ဆေးလိုသုံးနည်း (၅) မျိုး

၁ – ကွမ်းရွက်ညှစ်ရည်ကို ပျားရည်နဲ့ရောပြီး သောက်ရင် ကလေးတွေမှာ ဖြစ်တဲ့ အစာမကြေတာတွေ၊ လေပွတာတွေ၊ ဝမ်းသွားတာတွေ ပျောက်ပါတယ်။
၂ – မီးယပ်ကြောင့် စိတ်မငြိမ်မသက်ဖြစ်တာမျိုးရှိရင် ကွမ်းရွက်ညှစ်ရေကို နွားနို့နဲ့ သောက်ပေးရပါတယ်။
၃ – ကွမ်းရွက်ညှစ်ရည်ကို ချင်းပြုတ်ရည်နဲ့ရောပြီး သိန္ဓောဆား အနည်းငယ်ထည့်သောက်တဲ့အခါ ပန်းနာရင်ကြပ်နဲ့ ကြက်ညှာချောင်းဆိုး ပျောက်ပါတယ်။

၎ – ကွမ်းရွက်ကို နနွင်းနဲ့ကျိုပြီး ဆားနည်းနည်း ခပ်သောက်ရင် ဖျားနာရောဂါပျောက်ပါတယ်။
၅ – ကွမ်းရွက်ကို မီးကင်ပြီး အုန်းဆီဆွတ်ကာ ကလေးတွေငယ်ထိပ်မှာ ကပ်ပေးထားရင် နှာစေးတာ ပျောက်ပါတယ်။


Leave a Reply