မလေးရှားတွင်ရှိသည့် မြန်မာသံရုံးလုံခြုံရေးကို ယခုရက်ပိုင်းမှစတင်ကာ တင်းကျပ်မည်ဟုထုတ်ပြန်

ကွာလာ လမ်ပူရှိ မြန်မာသံရုံး၏လုံခြုံရေးကို ယခုရက်ပိုင်းမှစ၍ တင်းကျပ်သွားမည်ဖြစ်ကြောင်း မလေးရှားဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံသားများသံရုံးသို့လာရာတွင် အငှားယာဉ်မောင်းအချို့က အုပ်စုဖွဲ့ လုယက်မှုတို့ရှိနေသဖြင့် သတိထားကြရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်ကို နို ၀င်ဘာ ၂၁ ရက် ညနေပိုင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး သံရုံးဖွင့်လှစ်ချိန်နှင့် လူအ၀င် အထွက်တို့ကို သေချာစိစစ်မှုများပြုလုပ်ကာ လုံခြုံရေးပိုမိုတင်း ကျပ်သွားတော့မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ သံအရာရှိတစ်ဦးကပြောသည်။

သံရုံးလုံခြုံရေးတင်းကျပ်ရခြင်း အကြောင်းကိုမူ ၎င်းကတိကျစွာ ထုတ်ပြန်ထားခြင်းမရှိပေ။ ” သတင်းတွေက အမျိုးမျိုးတွေ ထွက်နေတာရယ်၊ ပြီးတော့သံရုံး လုံခြုံရေးအတွက်ရော၊ အလုပ်သမားတွေအတွက်ပါ လုံခြုံရေး တင်းကျပ်ရတာပါ။ အလုပ်သမားတွေက သံရုံးကိုလာပြီး လုပ်တာတွေစောစောပြီးချင်တော့ မလေးရှားနယ်ဘက် ကနေ ကွာလာလမ်ပူကို ညဘက်ကတည်းက ကားစီးပြီးလာကြတယ်။ အဲ့ဒီအခါ လုယက်မှုတွေ ခဏခဏဖြစ် တယ်။ ဒါကြောင့် မြန်မာလုပ်သားတွေ လုံခြုံရေးအတွက် သတိထားဖို့ သတိပေးတာပါ ” ဟု ၎င်း ကဒီမိုက ရေစီတူဒေးသို့ နိုဝင်ဘာ ၂၁ ရက် က ပြောသည်။

ယခင်ကသံရုံးဝင်ပေါက်ကို နံနက် ၆ နာရီမှစ၍ ၀င်ခွင့်ပြုရာမှ ယခုရက်ပိုင်းမှစ၍ နံနက် ၈ နာရီမှသာ ၀င်ရောက်ခွင့်ပြုတော့မည်ဖြစ်ကြောင်း၊ သံရုံးလုပ်ငန်းစဉ်များကို မွန်းလွဲ ၂ နာရီ နောက်ဆုံးထား ရောက်ရှိလာ သူများကိုလည်း လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် ပတ်စ်ပို့နှင့် ကောင်စစ်ရေးရာကိစ္စရပ်များ ပြုလုပ် လိုသည့် မလေးရှားနိုင်ငံ ရပ်ဝေးနေ မြန်မာလုပ်သားများအနေဖြင့် နံနက်ပိုင်းထွက်ခွာသည့် ဘတ်စ်ကား များဖြင့်သာ လာရောက်ကြပါရန် သံရုံးမှအသိပေးထားသည်။

#Democracytoday


Leave a Reply