ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပါတီဌာနချုပ် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာ ကော်မတီဝင် ဦးထွေးလှ၊ မောင်တောခရိုင်ပါတီဥက္ကဌ ဦးထွန်းလှစိန် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) နှင့်အဖွဲ့သည် နိုဝင်ဘာ (၁၇) ရက် နံနက် (၉) နာရီခွဲအချိန်က မောင်တောမြို့နယ် ကျီးကန်းပြင်ဌာနချုပ်သို့ သွားရောက်ပြီး ရဲမှူးချုပ် စန်းလွင်နှင့်တွေ့ဆုံကာ ဒေသခံတိုင်းရင်းသားများ၏ လုံခြုံရေးကိစ္စရပ်များကို မေးမြန်းဆွေးနွေးခဲ့ပြီး နယ်ခြားစောင့်တပ်ဖွဲဝင်များနှင့် တပ်ဖွဲဝင်မိသားစုများအား ဆန်အိတ်(၅၀) ပေးအပ် လှူဒါန်းခဲ့သည်။

maung-taw

ဆက်လက်၍ နံနက် ၁၀း၁၅ အချိန်တွင် မောင်တောမြို့မှ ဘူးသီးတောင်မြို့သို့ ပြန်လည်ထွက်ခွာလာပြီး ဘူးသီးတောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ပါတီဥက္ကဌ ကော်မတီဝင်များ ရုံးဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဗဟိုကော်မတီဝင် ဦးထွေးလှမှ အမှာစကားပြောကြားရာတွင် ပြည်သူလူထု အကျိုးစီးပွားဖူလုံရေး လုံခြုံရေးနှင့်ကာကွယ်ရေး၊ အမျိုးဘာသာသာသနာစောင့်ရှောက်ရေး စသည့်ကိစ္စရပ်များအား မိမိတို့ပါတီမှ ပါတီဝင်များက စိတ်သစ်လူသစ်ဖြင့် အဓိကထား ဆောင်းရွက်ကူညီပေးရန်လိုကြောင်း ပြောကြားခဲ့သည်။

ခရိုင်ပါတီ ဥက္ကဌ ဦးထွန်းလှစိန်မှ မိမိတို့ခရိုင်အတွင်း ဖြစ်ပေါ်ခဲ့သော အခြေအနေကိစ္စရပ်များနှင့် ပါတီ ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး ဗဟိုကော်မတီဝင် ဦးထွေးလှမှ ပြန်လည်သုံးသပ်ရှင်းလင်းဆွေးကာ တွေ့ဆုံပွဲကို နေ့လည် ၁၃း၀၀ အချိန်တွင်ပြီးဆုံးခဲ့ကြောင်း သိရသည်။

သန်းမောင်


Leave a Reply