ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး၊ ဟင်္သာတမြို့၊ သုခဝတီ သီလရှင်သင်ပညာရေး ပရဟိတကျောင်း (မူလွန်) သုံးထပ်ကျောင်းဆောင်သစ်အတွက် အမိုးသွပ်ဟြးများ ပေးအပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုနာယက ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်း တို့သည် ဟင်္သာတခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဦးနှင့် အလုပ်အမှုဆောင်များ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ခလေး စောင့်ရှောက်ရေး အဖွဲ့ဝင်များနှင့်အတူ အောက်တိုဘာလ (၁၄)ရက် နေ့လည် (၂)နာရီ (၁၅)မိနစ်အချိန်တွင် ဟင်္သာတမြို့၊ ကနောင်စုရပ်၊ သုခဝတီ သီလရှင်သင် ပညာရေး ပရဟိတကျောင်းသို့ရောက်ရှိပြီး ဆရာလေးဒေါ်သုပညာနှင့် ကျောင်းအကျိုးတော်ဆောင် ဦးတင်ဝင်းတို့မှသုခဝတီ သီလရှင်သင်ပညာရေး ပရဟိတကျောင်း (မူလွန်)သုံးထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု နှင့်ပတ်သက်၍ ရှင်းလင်းဟြေကြားသည်။

new-picture-1

ထို့နောက် ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး၊ ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်းနှင့် မိသားစုမှ ယခင်ကျောင်းဆောင်တစ်ထပ်အတွက် လှူဒါန်းခဲ့ပြီး ယခုထပ်မံလိုအပ်နေသော အမိုးသွပ်ဟြးအတွက် အလှူငွေများ ထပ်မံလှူဒါန်းရာကျောင်းအကျိုးတော်ဆောင် ဦးတင်ဝင်းမှ လက်ခံရယူ သည်။

ထို့နောက် ဆရာလေးဒေါ်သုပညာနှင့် ဆရာလေးများက လှူဒါန်းမှုအစုစုအတွက် မေတ္တာပို့ဆုတောင်းကြပြီး အလှူရှင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းတို့က ရေစက်ချအမျှပေးဝေခဲ့ပြီး သုံးထပ်ကျောင်ဆောင်သစ် ဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။


Leave a Reply