ဇလွန်ပြည်ခိုင်ဖြိုးပါတီ ဒေသခံတောင်သူလယ်သမား အလုပ်သမားများ တွေ့ဆုံဆွေးနွေးပွဲနှင့် တံစဉ်များ ပေးအပ် လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ဒေသခံ တောင်သူလယ်သမားအလုပ်သမားများ တွေ့ဆုံပွဲနှင့် စပါးရိတ်သိမ်းရန် တံစဉ်များ ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ (၄) ရက် မွန်းလွဲပိုင်းက ကျုံရှတိုက်နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့သည်။

zalon

အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့် တက်ရောက်ပြီး ကျံရှတိုက်နယ်ရှိ တောင်သူလယ်သမား၊ အလုပ်သမား ၂ဝဝကျော် အား တောင်သူလယ်သမား၊ အလုပ် သမားဘဝ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် လယ်ယာထွက်ကုန်များ အထွက်တိုးစေရန် လယ်ယာမြေများကို ပြုပြင်ထိန်းသိမ်းခြင်း၊ သီးနှံများ အချိန်မီ ရိတ်သိမ်းခြင်း၊ မိမိတို့ထွက်ကုန်များကို ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းများနှင့်ပတ်သက်ပြီး ဒေသခံ များနှင့် ရင်းနှီးစွာဆွေးနွေးအကြံပြုပြောကြားပြီး ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးချိုမြင့်ခိုင်က အခမ်းအနား ကျင်းပရခြင်းရည်ရွယ်ချက်များ၊ လယ်ယာမြေပြုပြင်နိုင်ရန် သီးနှံအလိုက် ကြိုက်နှစ်သက်သော (PH range)များနှင့် အကောင်းဆုံး PH (Optimum) တန်ဖိုးများအကြောင်းအား ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

တောင်သူလယ်သမား၊အလုပ်သမားများကလည်း ဒေသအခက်အခဲများကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ရာ ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်က ဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက်တောင်သူလယ်သမား အလုပ်သမားများအားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဝင်ငွေနည်း တောင်သူလယ်သမားနှင့် အလုပ်သမားများအား စပါးရိတ်သိမ်းရန် တံစဉ်အချောင်း ၁၅ဝကို ဗဟိုအလုပ် အမှုဆောင် ဦးအောင်တင်မြင့် က ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသော တောင်သူလယ်သမား အလုပ်သမား များနှင့်အတူ (သီးနှံအထွက်တိုးဖို့ လယ်ယာမြေပြုပြင်စို့) ဆိုင်းဘုတ်ကို စုပေါင်းစိုက်ထူပြီး မှတ်တမ်းတင် ဓာတ်ပုံ များရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။  ငွေသန်း(ဇလွန်)


Leave a Reply