ဆန် လက်လီ၊ လက်ကား ဈေးကွက်အတွင်း ဆန်ချောတစ်ပြည် ကျပ် ၁၀၀ ခန့် မြင့်တက်လျက် ရှိနေဆဲဖြစ်ပြီး ဈေးနှုန်း သိသိသာသာ ကျဆင်းမှုမရှိသေး

ဆန် လက်လီ၊ လက်ကားဈေးကွက်အတွင်း ဆန်ချောတစ်ပြည်လျှင် ကျပ် ၁၀၀ ခန့် မြင့်တင်လျက်ရှိနေဆဲဖြစ်ပြီး သိသိသာသာ ဈေးနှုန်းကျဆင်းမှု မရှိသေးကြောင်း လက်လီ၊ လက်ကား ရောင်းချလျက်ရှိသည့် ဆန်အရောင်းဆိုင် များမှ သိရသည်။

ဆန်ချော ဈေးနှုန်းများအနေဖြင့် ယခင် ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်လျှင် ကျပ် ၅၂၅၀၀ မှ ယခုအခါတွင် ကျပ် ၅၅၀၀၀ သို့လည်းကောင်း၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ယခင် ကျပ် ၄၀၈၀၀ မှ ယခုအခါတွင် ကျပ် ၄၃၂၀၀ သို့ လည်းကောင်း၊ တောင်ပြန်တစ်အိတ်ကို ယခင်ကျပ် ၃၈၄၀၀မှ ယခုအခါတွင် ကျပ် ၄၁၀၀၀ သို့လည်းကောင်း ဆန်ဈေးနှုန်းများအနေဖြင့်  ကျပ် ၂၀၀၀ ကျော်မှ စတင်၍ ဈေးနှုန်းမြင့်တက်လျက် ရှိနေသည်။

တစ်ပြည်ဈေးနှုန်းအနေဖြင့် ယခင် ရွှေဘိုပေါ်ဆန်း တစ်ပြည်လျှင် ကျပ် ၂၂၀၀ မှ ယခုအခါတွင် ကျပ်၂၃၀၀-၂၄၀၀ အတွင်းသို့ လည်းကောင်း၊ ဖျာပုံပေါ်ဆန်း တစ်ပြည်လျှင် ယခင်ကျပ် ၁၇၀၀ မှ ယခု ကျပ် ၁၈၀၀ သို့ လည်းကောင်း၊ တောင်ပြန်ဆန် တစ်ပြည်လျှင် ယခင်ကျပ် ၁၆၀၀မှ ယခုအခါတွင် ကျပ် ၁၇၀၀ သို့ လည်းကောင်း ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။

“အခု ဆန်ချောတွေကတော့ လက်လီဈေးကွက်မှာဆိုရင် တစ်ပြည် ၁၀၀ လောက် ဈေးမြင့်တယ်။ ဆန် အဟောင်းလည်းဖြစ်တဲ့အတွက် ဈေးမကျပါဘူး။ ဆန်သစ်ပေါ်လာတော့မှ ဈေးကျဖို့ရှိမှာ။ ပြီးခဲ့တဲ့လတွေမှာလည်း ရေကြီးထားတာတွေလည်း ရှိတော့ လက်လီဈေးကွက်မှာ ဆန်ဈေးကျသွားတယ်ဆိုတာတော့ မရှိပါဘူး။ မိုးစပါး ပေါ်တော့မှ ဆန်ဈေးပြန်ကျမှာပါ” ဟု လက်လီ၊ လက်ကားရောင်းချလျက်ရှိသည့် ဧရာဆန်အရောင်းဆိုင်မှ ပြောကြားသည်။

ဆန်ကြမ်းဈေးနှုန်းများအနေဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိနေပြီး ဧည့်မထဆန် တစ်အိတ်လျှင် ကျပ် ၂၆၄၀၀၊ တစ်ပြည်ဈေးနှုန်းအနေဖြင့် ကျပ် ၁၁၀၀၊ ဆင်းသွယ်လတ် ဆန်တစ်အိတ်လျှင် ကျပ် ၃၁၂၀၀၊ တစ်ပြည် ဈေးနှုန်းအနေဖြင့် ကျပ် ၁၃၀၀ ခန့် ပေါက်ဈေးရှိကြောင်း သိရသည်။

“ ဆန်ဈေးနှုန်းတွေရဲ့သဘောကတော့ တဖြည်းဖြည်း ဈေးတက်မယ်။ ပြီးရင်ကျမယ် ဒီသဘောလေးပါပဲ။ ရှေ့လျှောက်ကတော့ ဆန်ဈေးတွေ ဒီထက်ပိုပြီးတော့ ဈေးထပ်တက်ဖို့တော့ မရှိတော့ပါဘူး” ဟု မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးအောင်မြင့်က ပြောကြားသည်။

မြန်မာနိုင်ငံရှိ စပါးထွက်ရှိရာဒေသဖြစ်သည့် စစ်ကိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းဒေသများတွင် မြစ်ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး ယခုကဲ့သို့ဖြစ်ပေါ်မှုကြောင့် ဆန်ဈေးနှုန်းများ မြင့်တက်မှုရှိခဲ့ရာမှ ဆန် လက်လီ၊ လက်ကားဈေးကွက်တွင် ယခုအထိ ဆန်ဈေးနှုန်း သိသိသာသာ ကျဆင်းခြင်းမရှိသေးကြောင်း ဆန်လက်လီ၊ လက်ကားဈေးကွက်မှ သိရသည်။

# 7 Day Daily


Leave a Reply