ဘရာဇီးသမ္မတဟောင်းနှင့်ဇနီးကို လာဘ်စားမှုဖြင့် အရေးယူမည်

14324529_1755517098022124_6563290365687974556_o

ရီယိုဒီဂျနေရိုး စက်တင်ဘာ ၁၅

ဘရာဇီးသမ္မတဟောင်း လုဇ်အင်နာစီရို လူလာဒါစီလ်ဗာကို အကျင့်ပျက်ခြစားမှုဖြင့် အရေးယူဆောင်ရွက်ရန် ဖက်ဒရယ် ရှေ့နေများက တောင်းဆိုထားကြောင်း သိရသည်။ လူလာနှင့် ၄င်း၏ ဇနီးတို့သည် ဂွာရူဂျာ ပင်လယ်အပန်းဖြေစခန်း အတွင်းရှိ ဇိမ်ခံအိမ်ကို ပိုင်ဆိုင်မှုအဖြစ် ကြေညာရန် အထောက်အထားပြသနိုင်ခဲ့ခြင်း ရှိ မရှိကို ရှေ့နေများက စုံစမ်းလျက်ရှိကြောင်း သိရသည်။

လူလာကမူ နေအိမ်တိုက်ခန်းအားမပိုင်ဆိုင်ကြောင်း ငြင်းဆန်လျက်ရှိပြီး အဆိုပါကိစ္စရပ်သည် နိုင်ငံရေးအရ ပြုမူ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဆို သည်။ အဆိုပါ တိုက်ခန်းကို လာဘ်စား ခဲ့သော နိုင်ငံပိုင် Petrobras ရေနံကုမ္ပဏီ နှင့် ဆက်နွှယ်လျက်ရှိသည့် ဆောက်လုပ ရေးကုမ္ပဏီတစ်ခုက တည်ဆောက်ခဲ့သည်။

လူလာသည် Petrobras ရေနံ ကုမ္ပဏီ၏ လုပ်ငန်းရှင်သူဌေးကြီးတစ်ဦးဖြစ်ပြီး လုပ်ပိုင်ခွင့် အာဏာအပြည့် အဝရှိသူ ဖြစ်ကြောင်း ရှေ့နေဒယ်လ် တန် ဒါလက်ဂနိုက ဗုဒ္ဓဟူးနေ့တွင် ကျူရီတီဗာ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

(ဘီဘီစီ)


Leave a Reply