ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ ဥက္ကဋ္ဌသစ်အဖြစ် ဆယ်ဖယ်ရင် ရွေးချယ်ခံရ

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ ဥက္ကဋ္ဌသစ်ရွေးကောက်ပွဲကို ယနေ့ ကျင်းပပြုလုပ်ခဲ့ရာ ဆလိုဗေးနီးယား ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အလက်ဆန္ဒား ဆယ်ဖယ်ရင် ရွေးချယ်ခံခဲ့ရကြောင်း သိရှိရသည်။

uefa

UEFA သည် ပလာတီနီ ရာထူးမှ နုတ်ထွက်သွားပြီးကတည်းက ဥက္ကဋ္ဌရာထူး လစ်လပ်နေခဲ့ခြင်းဖြစ်သည်။ ဥက္ကဋ္ဌ ရာထူးအတွက် မူလက ဆယ်ဖယ်ရင်နှင့်အတူ နယ်သာလန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗန်ပရပ်ဂ်၊ စပိန်ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ အိန်ဂျယ်ဗီလာတို့ ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် အိန်ဂျယ်ဗီလာ နုတ်ထွက်သွားခဲ့သည့်အတွက် ဆယ်ဖယ်ရင်နှင့် ဗန်ပရပ်ဂ်တို့နှစ်ဦးသာ ယှဉ်ပြိုင်ခဲ့ရသည်။

မဲခွဲပွဲရလဒ်အရ စုစုပေါင်း မဲပေးသူ (၅၅) ဦးအနက် (၄၂) ဦးက ဆယ်ဖယ်ရင်ကို မဲပေးခဲ့ကြပြီး (၁၃)ဦးကသာ ဗန်ပရပ်ဂ်ကို မဲပေးခဲ့ကြသည့် ဆယ်ဖယ်ရင်အနေဖြင့် UEFA ၏ ဥက္ကဋ္ဌသစ် ဖြစ်လာခဲ့သည်။

ဆယ်ဖယ်ရင်က လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်မည့်နည်းလမ်းများ ရှာဖွေရန် ဥက္ကဋ္ဌ တာဝန်ကို ရယူခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။

# Eleven


Leave a Reply