မြောက်ကိုရီးယားအားဖိအားပေးရန် အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားခေါင်းဆောင်များ ကုလသမဂ္ဂညီလာခံတွင် တွေ့ဆုံမည်

14370342_1755109788062855_4991735034102352155_n

ဝါရှင်တန် စက်တင်ဘာ ၁၄

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် လာမည့်တနင်္ဂနွေ နေ့တွင် နယူးယောက်၌ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး များနှင့်တွေ့ဆုံပြီး မြောက်ကိုရီးယား၏ နောက်ဆုံး နျူကလီးယားလက်နက် စမ်းသပ်မှုကို အရေးယူတုံ့ပြန်မှုများ ပြုလုပ်ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီး ဌာနက စက်တင်ဘာ ၁၄ ရက်တွင် ဖော်ပြခဲ့သည်။

သီးခြားရပ်တည်နေသော မြောက် ကိုရီးယားနိုင်ငံသည် ၄င်း၏ ငါးကြိမ်မြောက် နျူကလီးယားလက်နက်စမ်း သပ်ခြင်းကို သောကြာနေ့က ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယား နိုင်ငံ အပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေဖြင့် အရေးယူပိတ်ဆို့မှုအသစ် များ ထပ်မံပြုလုပ်နိုင်ရေး ဖော်ပြပါ သုံးနိုင်ငံမှ နိုင်ငံ့ခေါင်းဆောင် များအနေ ဖြင့် ဖိအား ပေးလိမ့်မည်ဖြစ်သည်။

တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ရန်ဗျန်ဆီ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီနှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဖူမီယိုကီရှိဒါ တို့သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် တွေ့ဆုံကြမည်ဖြစ်ပြီး မြောက်ကိုရီးယားအား ဖိအားပေးရန် ဆွေးနွေးကြမည်ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုသည် တရုတ်က မြောက်ကိုရီးယားအား ဖိအားပေးရာတွင် ယခုထက် ပိုမိုပါဝင်စေချင်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာ က အရိပ် အခြည်ပြ ပြောဆိုခဲ့သည်။

(ရိုက်တာ)


Leave a Reply