ကလေးများအတွက် အန္တရာယ်များလှသော မွန်ဂိုလီးယား ရိုးရာမြင်းစီးပြိုင်ပွဲ

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက် ဗုဒ္ဓဟူးနေ့က မွန်ဂိုလီးယား ရိုးရာ Naadam ကလေး မြင်းစီးပြိုင်ပွဲ ကျင်းပခဲ့ပြီး အသက် ငါး နှစ်မှ ၁၁ နှစ် အကြား ကလေးငယ် ၃၃၈ ဦးတို့သည် အရောင်တောက်တောက်ဝတ်စုံ နှင့် helmet များဝတ်ဆင်ကာ မြင်းများကို ကြာပွတ်နှင့် ဝေ့ယမ်းရိုက်နှက်ရင်း ပြိုင်ပွဲဝင်ခဲ့ကြသည်။

ထိုစိတ်လှုပ်ရှားစရာ ပြိုင်ပွဲကို ၁၅ မိုင်ရှည်လျှားသည့် ရွံ့နွံ့ပြေးလမ်းတွင်ကျင်းပခဲ့ခြင်းပြီုးပြိုင်ပွဲ ကျင်းပခြင်း ရည်ရွယ်ချက်မှာ လှည့်လည်နေထိုင်သူ မွန်ဂိုလီးယားလူမျိုးများအနေနှင့် ၄င်းတို့၏ သား/ သားသမီးများကို ပြိုင်မြင်းစီးသမားများ ဖြစ်လာစေရန်ရည်ရွယ်သည့် ခေတ်အဆက်ဆက် ကျင်းပလာသော ပွဲဖြစ်သည်ဟု သိရသည်။

သို့သော် ယင်းပြိုင်ပွဲသည် ထိခိုက်လွယ်သာ ကလေးငယ်များကို အန္တာရယ်တောထဲ စွန့်စားစေခြင်းဖြစ်ကြောင်း နိုင်ငံတကာ လူ့ အခွင့်အရေးအဖွဲ့ များက ဝေဖန်ခဲ့ကာ ပြိုင်ပွဲကို ပိတ်ပင်ရန် တောင်းဆိုခဲ့ကြသည်။ ကလေးပေါင်း များစွာဟာ ပြိုင်ပွဲအတွက် ပြင်ဆင်နေရတဲ့အတွက်လည်း ကျောင်းပျက်ခဲ့ရကြောင်း ယင်းသည်များစွာ ကြိုးစား အားထုတ်ရပြီး ရလဒ်ကောင်းရရန်လည်း သေချာသည် မဟုတ်ကြောင်း ၄င်းတို့ က ထောက်ပြထားသည်။

မြင်းစီးပြိုင်ပွဲဝင်နိုင်ရန် အနည်းဆုံး အသက် ၇ နှစ် ရှိရမည်ဟုသိရသော်လည်း အာဏာပိုင်များက ငယ်ရွယ်တဲ့ ကလေးငယ်များကိုလည်း ပြိုင်ပွဲဝင်များအဖြစ် လက်ခံထားကြောင်းသိရသည်။ ယမန်နှစ်က တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကျင်းပခဲ့သည့် ပြိုင်ပွဲ ၃၉၄ ပွဲတွင် ကလေးငယ် ၁၀၄၃၅ ဦး ပါဝင်ခဲ့ပြီး ကလေး ၆၀၀ သည် မြင်းပေါ်မှ ပြုတ်ကျခဲ့ကာ ၁၆၉ ဦး ဒဏ်ရာရ၊ ၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

လေ့လာချက်များအရ မြင်းပြိုင်ခြင်းကြောင့် ကလေးငယ်များ၏ ရှင်သန်ခွင့်၊ ပညာရေးနှင့် လုံခြုံရေးတွေကို ထိခိုက်နေသည်ဟု Save The Children ၏ မွန်ဂိုလီးယားဆိုင်ရာ ဋ္ဌာနေကိုယ်စားလှယ် Tsolmon Enkhbat ကပြောခဲ့ပါသည်။“ ဒါဟာပုံမှန် ပြိုင်ပွဲသာမဟုတ်ဘဲ စီးပွားရေးဆန်တဲ့ လောင်းကြေးတွေလည်း ပါတာကြောင့် ကလေးလုပ်သား ခိုင်းစေခြင်းဖြစ်ပါတယ်” ဟု သူမက ဆိုပါသည်။ စီစဉ်သူတွေကိုလည်း တရားဝင်အပြစ်ပေးရန် ဥပဒေ မရှိဟု သူမ ဆက်လက်ံ ပြောခဲ့သည်။

ပြိုင်ပွဲစီစဉ်သူများကမူ ပိုမို လုံခြုံသည့် နည်းတွေသုံးထားပါကြောင်း ပြောခဲ့ကြသည်။ ပြိုင်ပွဲဝင်ကလေး ၃၃၈ ဦးထဲမှ ၉ဦး မှာ မြင်းပေါ်မှ ပြုတ်ကျခဲ့ကာ ၂ ဦး ဒဏ်ရာ ရခဲ့သည်ဟု သိရသည်။ ထိုကဲ့သို့အန္တာရယ်များသော်လည်း ပြိုင်ပွဲဝင်များနှင့် မိဘများက နာကျင်ရတာ ထိုက်တန်သည်ဟု မှတ်ယူကြသည်။ ပြိုင်ပွဲတွင် ထိပ်ဆုံးနေရာမှ ဦးဆောင်နေခဲ့သည့် ၁၁ နှစ်အရွယ် Usukhbayar Otgonbayar က “ သား ပြိုင်ပွဲဝင်ရတာပျော်တယ်။ ဒီအခေါက် သားနိုင်မှာ” ဟု ပြောခဲ့ပါသည်။  

Source: Akonthi