တောင်​ကြီးခရိုင်​ ပြည်ခိုင်ဖြိုးပါတီ ပုံမှန်​အစည်း​အဝေးကျင်းပ
ရှမ်းပြည်​နယ်​​တောင်​ပိုင်း ​တောင်​ကြီးခရိုင်​ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပုံမှန်အစည်း​အဝေးကို ၂၅.၈.၂၀၁၇ ရက်နေ့ ၁၀း၀၀နာရီ အချိန်​တွင်​ ပြည်​နယ်​ခန်းမ၌ ကျင်းပရာ ပြည်​နယ်​ အတွင်း​ရေးမှူး၊ ပြည်​နယ်​စည်းရုံး​ရေးတာဝန်​ခံ၊​ တောင်​ကြီးခရိုင်​ဥက္ကဌနှင့်​ ခရိုင်​ပါတီ​ကော်​မတီ ဝင်​များ၊ ခရိုင်​တွင်းရှိ မြို့နယ်​ ၁၀ မြို့နယ်​မှ ဥက္ကဌနှင့်​ အတွင်း​ရေးမှူးများ၊ မြို့နယ်​စည်းရုံး​ရေး တာဝန်​ခံများ တက်​​ရောက်​ကြပြီး အစည်းအ​ဝေးကို ည​နေ ၃း၃၀နာရီအချိန်​တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
သတင်းမီဒီယာသင်တန်းဆင်းပွဲကျင်းပ
၂၃.၈.၂၀၁၇ရက်နေ့ ရှမ်းပြည်​နယ်​​တောင်​ပိုင်း ပြည်​​ထောင်​စုကြံ့ခိုင်​​ရေး နှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ကြီးမှူး၍ကျင်းပ​သော သတင်းမီဒီယာသင်​တန်းဆင်းပွဲ အခမ်းအနားကို ယ​မန်နေ့ည​နေ၂း၃၀နာရီအချိန်​တွင်​ ပြည်​နယ်​ခန်းမ၌ ကျင်းပရာ ပြည်​နယ်​ပါတီ​ကော်​မတီ ဦးစိန်​​လေး​မောင်​မှ သင်​တန်းဆင်း အမှာစကား​ပြောကြားပြီး သင်​တန်းဆင်းလက်​မှတ်​များကို ပြည်​နယ်​ပါတီ​ကော်​မတီဝင်​     ဦးမိုးစည်​သူမှ​ ပေးအပ်​ပြီး သင်​တန်းသားတစ်​ဦးမှ လက်​ခံရ ယူသည်​။
သင်​တန်းသို့ ရှမ်း​တောင်​၂၁ မြို့နယ်​မှ သင်​တန်းသား/သင်တန်းသူ ၄၂ ဦး တက်​​ရောက်​​ကြောင်း သိရှိရပါသည်​။
က​လောမြို့နယ်​ လစ်​လပ်​​ကော်​မတီ​ရွေးချယ်​ပွဲ ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း) ပါတီ ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီ အစည်းအဝေးခန်းမတွင် မေလ (၉) ရက် နံနက် ၉ နာရီ ၄၅ မိနစ်က ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပရာ ရှမ်းပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပါတီဗဟိုကော်မတီ အစည်း အဝေးမှ ချမှတ်လိုက်သည့် အစည်းအဝေးဆုံးဖြတ်ချက်များ၊ လုပ်ငန်း လမ်းညွှန် မှာကြားချက်များကို ထပ်ဆင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ (ရှမ်းအရှေ့) ကျိုင်းတုံသို့ ရောက်ရှိ
၁၃ – ၃- ၂၀၁၇ ရက်နေ့၊ နေ့လည်( ၁၂ : ၅၀ )အချိန်တွင် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးသည် အထွေထွေအတွင်းရေး မှူး ဦးသက်နိုင်ဝင်း ၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်၊ ဗဟိုအတိုင်ပင်ခံ ဦးစစ်ဝ်အာင်မြတ်၊ ဗဟိုကော်မတီဝင်ဒေါက်တာ နန္ဒာလှမြင့်တို့နှင့်အတူ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိလာခဲ့ကြ ပါသည်။
နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် ရှေ့ဟောင်းသမိုင်းဝင်ဘုရား ရွှေထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲသို့ တက်ရောက်
ရှေးဟောင်းသမိုင်းဝင် မွေ​တော်​ကက္ကူဘုရား ဆုတောင်းပြည့် အာသောက
စေတီတော်မြတ်ကြီး ရွှေထီးတော် တင်လှူပွဲနှင့်
ဗုဒ္ဓပူဇနိယပွဲတော်သို့ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦီးသိန်းစိန်
တက်ရောက်ကာ ၎င်းဝတ်ဆင်ထားတဲ့ လက်စွပ်တစ်ကွင်းအား ဘုရားစိန်ဖူးတော်မှာရစ်ချည်ပြီး ကုသိုလ်ဖြစ်ကပ်လှူ လှူခဲ့ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ အမှာစကားကောက်နုတ်ချက်(ညောင်ရွှေမြို့)
* ယနေ့ မြန်မာနိုင်ငံစီးပွားရေးအခြေအနေနှင့် တည်ငြိမ်အေးချမ်းမှုအခြေအနေမှာ အကောင်းဘက်သို့ ရှေးရှုသောအခြေ အနေမဟုတ် အုပ်ချုပ်ရေးတာဝန်ရှိသူများ၏ အရည်အချင်းပေါ်တွင်မူတည်။
* လုပ်ငန်းအောင်မြင်မှု ဆုံးရှုံးမှုအပေါ် တာဝန်ယူ တာဝန်ခံမှုမရှိဘဲ သူတစ်ပါးကို အပြစ်ဖို့ တာဝန်လွှဲချခြင်းသည် တာဝန် ကြီးကြီးမားမား ထမ်းဆောင်ရသူတို့ ပြုမူသင့်သော အပြုအမူမဟုတ်။
(more…)
ဦးအောင်ခမ်းထီအား ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေး ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက် ရှမ်းပြည်နယ် တောင်ခြေကျေးရွာအုပ်စုမှ တိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် မတ်လ (၇) ရက် နံနက် ၇ နာရီခွဲက ရှမ်းပြည်နယ်(တောင်ပိုင်း) ကျောက်တလုံးကြီးမြို့သို့ဝင်ရောက်ပြီး ပအိုဝ့်တိုင်း ရင်းသားခေါင်းဆောင် ဦးအောင်ခမ်းထီအား ချစ်ခင်ရင်းနှီး စွာ တွေ့ဆုံနှုတ်ဆက်ပြီးနောက် မွန်းတည့် ၁၂နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) မြသိန်းတန်ကျေးရွာရှိ မြသိန်းတန်ရွာဘုန်းကြီးကျောင်း၌ တောင်ခြေကျေးရွာအုပ်စု မြသိန်းတန်ရွာ ဘုန်းတော်ကြီးကျောင်းလူထုတွေ့ဆုံပွဲ ကျင်းပသည်။
(more…)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး တောင်ကြီးမြို့ခံ ရပ်မိရပ်ဖများနှင့်လူမှုရေးအသင်းအဖွဲ့များအားတွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးသည် ရှမ်းပြည် နယ် တောင်ကြီးမြို့ရှိRoyal Taunggyi Hotel ၌ တောင်ကြီးမြို့ခံ ရပ်မိရပ်ဖ များနှင့် လူမှုရေးအသင်းအဖွဲ့များအား မတ်လ (၆) ရက် မွန်းလွဲ ၁ နာရီတွင် ရင်းရင်း နှီးနှီးတွေ့ဆုံခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ရှမ်းပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရပ်ကျေးကော်မတီဝင် ပါတီဝင်များ နှင့် တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ရှမ်းပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး ကော်မတီဝင်၊ ပါတီဝင်များ တွေ့ဆုံပွဲကို မတ်လ (၆) ရက် ညနေ ၄ နာရီတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့သည်။