ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ အမှာစကားကောက်နုတ်ချက်(ညောင်ရွှေမြို့)

* ယနေ့ မြန်မာနိုင်ငံစီးပွားရေးအခြေအနေနှင့် တည်ငြိမ်အေးချမ်းမှုအခြေအနေမှာ အကောင်းဘက်သို့ ရှေးရှုသောအခြေ အနေမဟုတ် အုပ်ချုပ်ရေးတာဝန်ရှိသူများ၏ အရည်အချင်းပေါ်တွင်မူတည်။
* လုပ်ငန်းအောင်မြင်မှု ဆုံးရှုံးမှုအပေါ် တာဝန်ယူ တာဝန်ခံမှုမရှိဘဲ သူတစ်ပါးကို အပြစ်ဖို့ တာဝန်လွှဲချခြင်းသည် တာဝန် ကြီးကြီးမားမား ထမ်းဆောင်ရသူတို့ ပြုမူသင့်သော အပြုအမူမဟုတ်။

 


* ယခုအခါ အရည်အချင်းရှိသူများဖြင့် အစားထိုးနိုင်မည့်အခွင့်အရေးပေါ်ပေါက်လာပြီး ယင်းသည် ကြားဖြတ်ရွေးကောက် ပွဲပင်ဖြစ်။
* ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများသည် ဗဟိုမှရွေးချယ်ပေးသော မိုးကျရွှေကိုယ်များမဟုတ်ဘဲ ဒေသခံပါတီဝင် များနှင့် ရပ်မိရပ်ဖများက ရွေးချယ်ပေးသော ဒေသခံတိုင်းရင်းသားဖြစ်။
* မိမိဒေသနှင့်ဒေသခံတိုင်းရင်းသားတို့၏ အကြောင်းကို သေချာသိရှိနားလည်ပြီး အတွေ့အကြုံရှိသော ကိုယ်စားလှယ် လောင်းများကို ရွေးချယ်ထား။
* ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းကို မဲပေးရွေးချယ်ခြင်းသည် ထိုကိုယ်စားလှယ်လောင်း ကောင်းစားဖို့ ပါတီ ကောင်းစားဖို့မဟုတ်ဘဲ မိမိဒေသ မိမိလူမျိုးကောင်းစားဖို့အတွက် ရွေးချယ်ခြင်းဖြစ်သည်ဟု ခံယူနားလည်ရန်လို။