တာချီလိတ်ခရိုင်/မြိုနယ် နှင့် မိုင်းဆတ်ခရိုင်/မြို့နယ် မိုင်းတုံမြို့နယ် ပါတီအဖွဲ့များဖြင့် တွေ့ဆုံခြင်း။

(၁၅-၃-၂၀၁၇) ရက်နေ့ (၁၀:၃၀)အချိန်တွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီအကြီးအကဲများသည် မကာဟိုခမ်းရပ်ကွက် ပြည်ခိုင်ဖြိုး ပါတီရုံးတွင် ကျင်းပပြုလုပ်သည့် တာချီလိတ်ခရိုင်/ မြို့နယ်ပါတီအဖွဲ့ ရပ်ကွက်/ကျေးရွာအုပ်စု စည်းရုံးရေးအခြေခံပါတီအဖွဲ့ မိုင်းဆတ်ခရိုင်/ မြို့နယ် နှင့် မိုင်းတုံမြို့နယ်ပါတီအဖွဲ့ စုစုပေါင်း အင်အား (၃၀၀) ကျော်ဖြင့် တွေ့ဆုံခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 

(more…)


ပါတီဥက္ကဌနှင့် ပါတီအကြီးအကဲများ တာချီလိတ်မြို့ နဂါးနှစ်ကောင် ဆရာတော်အား ဖူးမျှော်ကြည်ညှိုစဉ်


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မိုင်းဖြတ်၊ မိုင်းယောင်း ပါတီဝင်များဖြင့် တွေ့ဆုံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) သို့ရောက်ရှိနေသော ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီအကြီးအကဲများ သည် မိုင်းဖြတ်မြို့သို့ ယမန်နေ့ နေ့လည်(၁၄:၄၅) အချိန်တွင်ရောက်ရှိရာ မိုင်းဖြတ်ပြည်ခိုင်ဖြိုးရုံးတွင် ခရိုင်ပါတီဥက္ကဌ ဦးစိုင်းညွန့်ဝင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းရီတစ်၊ မိုင်းယောင်းမြို့နယ် ဥက္ကဌ ဦးစိုင်းအောင်ခမ်း နှင့် အတူ ဒေသခံ တိုင်းရင်းသားများမှ ခရီးဦးကြိုဆိုခဲ့ကြပါသည်။

 

(more…)


ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကျိုင်းတုံမြို့ရှိ ပါတီဝင်များ တွေ့ဆုံ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ရောက်ရှိသော ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးသန်းဌေးနှင့် အဖွဲ့သည် မတ်လ (၁၃) ရက် ညနေ ၄ နာရီတွင် ကျိုင်းတုံမြို့ ပြည်နယ်ပါတီရုံးအပေါ်ထပ် ခန်းမတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ပါတီဝင်များနှင့် တွေ့ဆုံခဲ့ကြသည်။

ရှမ်း(အရှေ့) ပြည်ခိုင်ဖြိုးပါတီ လူထုတွေ့ဆုံပွဲကျင်းပခြင်း

 

ယနေ့ (၁၄-၃-၂၀၁၇) နံနက် ( ၀၇ : ၄၅ ) အချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်ခိုင်ဖြိုးပါတီ၏ လူထုတွေ့ဆုံပွဲကို ကျိုင်းတုံမြို့နယ်၊ ပင်းတောက်အုပ်စု၊ ဝမ်ပင်းရွာတွင် ကျင်းပပြုလုပ်ရာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်၊ ဗဟိုအတိုင်ပင်ခံ ဦးစ၀်အောင်မြတ်၊ ဗဟို ကော်မတီဝင် ဒေါက်တာ နန္ဒာလှမြင့် တို့တက်ရောက်ခဲ့ကြပါသည်။

ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကျိုင်းတုံမြို့ရှိ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အငြိမ်းစားဝန်ထမ်းများနှင့် တွေ့ဆုံ

 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မတ်လ (၁၃) ရက် မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ပြည်ခိုင်ဖြိုးရိပ်သာ၌ မြို့နယ်အတွင်းရှိ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အငြိမ်းစား ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။

နှစ်ထပ်ဘုန်းကြီးကျောင်းဆောင်သစ် ဆောက်ရာတွင် ပြည်ခိုင်ဖြိုးပါတီမှ ကျပ်(၁၂)သိန်းလှူဒါန်းခြင်း

 

(၂-၃-၂၀၁၇) ရက်နေ့တွင်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ ခရိုင်ကော်မတီဝင် ဒေါ်နန်းဝိုးလှိုင်၊ မြို့နယ်ကော်မတီဝင် ဦးစိုးကျော်အောင်၊ ဦးအောင်ထန်၊ မြို့နယ်(အရံ)ကော်မတီဝင်ဦးခင်မောင်လွင် တို့သည် ကျိုင်းလပ်မြို့နယ်၊ ရပ်ကွက် (၂) ၀မ်နတ်ဘုန်းကြီးကျောင်းတွင် နှစ်ထပ်ဘုန်းကြီးကျောင်းဆောင် ဆောက်လုပ်ရာတွင် လိုအပ်သည့် ဘိလပ် မြေ၊ သံများဝယ်ယူရန် အလှူငွေ ကျပ် (၁၂) သိန်းကို သွားရောက်လှူဒါန်း ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ခရိုင်/မြို့နယ်/ရပ်ကျေး အစည်းအဝေးကျင်းပခြင်း

 

(၂၄-၂-၂၀၁၇)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်/မြို့နယ်/ ရပ်ကျေး ပြည်ခိုင်ဖြိုးပါတီ ညှိနိုင်းအစည်းအဝေးကို ကျင်းပရာ ဗဟိုကော်မတီဝင် ဦးဝီလ်ဆင်မိုး တက်ရောက်ခဲ့ပြီး ကျိုင်းတုံမြို့နယ် တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အုတ်တစ်ချုပ် သဲတစ်ပွင့်အဖြစ် ၀ိုင်းဝန်ဆောင်ရွက်ရေးကိစ္စ၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌကြီး လာရောက်ခဲ့လျှင် ကြိုတင်ဆောင်ရွက်ရမည့် ကိစ္စနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် ရှေ့ လုပ်ငန်းစဉ် ကိစ္စများ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း
သိရှိရပါသည်။

မိုင်းခတ် ပြည်ခိုင်ဖြိုးပါတီမှ ရွှေဘုန်းပွင့် (ထရှဲန်ခမ်း) စေတီတော် တည်ဆောက်ရေးလုပ်ငန်းများတွင် လုပ်အားဒါနအဖြစ် ပါဝင်လုပ်အားပေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)မိုင်းခတ်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်ကော်မတီဝင် ဦးအောင်သန်း ဦးဆောင်ပြီး မြို့နယ် ဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ စုစုပေါင်းအင်းအား (၂၂) ဦးဖြင့် မိုင်းခတ်မြို့နယ် နောင်လုံးအုပ်စု၊ အင်းလုံကျေးရွာတွင် တည်ထားကိုးကွယ် မည့် ရွှေဘုန်းပွင့် (ထပ်ရှဲန်ခမ်း)စေတီတော် တည်ဆောက်ရေးလုပ်ငန်းများတွင် လုပ်အားဒါနအဖြစ် ပါဝင်လုပ်အားပေးခဲ့ကြကြောင်း သိရှိရပါသည် ။

ကျိုင်းလပ်မြို့နယ်ပါတီရုံးအား လိုအပ်သည်များ သွားရောက်ကြည့်ရှု

(၂၁-၂-၂၀၁၇)ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ မြို့နယ်တီ အတွင်းရေးမှူး ဦးစိုင်းလုံ၊ မြို့နယ်ကော်မတီဝင် ဦးစိုးကျော်အောင်၊ ဦးအောင်ထန် တို့သည် တာလေမြို့နှင့် ကျိုင်းလပ်မြို့နယ်များသို့ ကွင်းဆင်းသွားရောက်ပြီး စည်းရုံးရေးတာဝန်ခံများဖြင့် တွေ့ဆုံကာ ပါတီရှေ့လုပ်ငန်းစဉ် များ ဆွေးနွေးခြင်း၊ တာလေ၊ ကျိုင်းလပ်ပါတီရုံး လိုအပ်ချက်များ ဖြည့် ဆည်း ဆောင်ရွက်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။