တာချီလိတ်ခရိုင်/မြိုနယ် နှင့် မိုင်းဆတ်ခရိုင်/မြို့နယ် မိုင်းတုံမြို့နယ် ပါတီအဖွဲ့များဖြင့် တွေ့ဆုံခြင်း။

(၁၅-၃-၂၀၁၇) ရက်နေ့ (၁၀:၃၀)အချိန်တွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီအကြီးအကဲများသည် မကာဟိုခမ်းရပ်ကွက် ပြည်ခိုင်ဖြိုး ပါတီရုံးတွင် ကျင်းပပြုလုပ်သည့် တာချီလိတ်ခရိုင်/ မြို့နယ်ပါတီအဖွဲ့ ရပ်ကွက်/ကျေးရွာအုပ်စု စည်းရုံးရေးအခြေခံပါတီအဖွဲ့ မိုင်းဆတ်ခရိုင်/ မြို့နယ် နှင့် မိုင်းတုံမြို့နယ်ပါတီအဖွဲ့ စုစုပေါင်း အင်အား (၃၀၀) ကျော်ဖြင့် တွေ့ဆုံခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုဥက္ကဌနှင့်အဖွဲ့အား ပါတီဗဟိုကော်မတီဝင်များဖြစ်သည့် ဦးဝီလ်ဆင်မိုး၊ ဒေါ်တင်မေထွန်းနှင့် တာချီလိတ်ခရိုင် ခေတ္တပါတီဥက္ကဌ
ဦးချမ်းမြနှင့် ခရိုင်ကော်မတီ ဝင်များ၊ ခရိုင် (အရန်) ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌ ဦးစိုင်းရွှေထွန်းနှင့် မြို့နယ်ကော်မတီဝင်များ၊ မြို့နယ် (အရန်)ကော်မတီဝင်များ မိုင်းဆတ်ခရိုင် ခေတ္တပါတီဥက္ကဌ ဦးအောင်ဟိန်း၊ မြို့နယ်ဥက္ကဌ ဦးဒါဝိတ်၊ မိုင်းတုံမြို့နယ် ခေတ္တပါတီဥက္ကဌ ဒေါ်ခင်မျိုးသန့်နှင့် ရှမ်း၊ အာခါ၊ လားဟူတိုင်းရင်းသားများက ရိုးရာအတီးအမှူတ်များဖြင့် ပြည်ခိုင်ဖြိုး ပါတီရုံးရှေ့ လမ်းမှ ပြည်ခိုင်ဖြိုးပါတီရုံးဝန်းထိ ခရီးဦးကြိုဆိုခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

တွေ့ဆုံပွဲတွင် တာချီလိတ်ခရိုင်ပါတီ၏ အစီရင်ခံ စာ အား ခေတ္တပါတီဥက္ကဌ ဦးချမ်းမြမှလည်ကောင်း၊ မြို့နယ် ပါတီ၏ အစီရင်ခံစာအား မြို့နယ်ဥက္ကဌ ဦးစိုင်းရွှေထွန်း၊ မိုင်းဆတ်ခရိုင် လုပ်ငန်းဆောင်ရွက်မှုအခြေနေများကို
ခေတ္တဥက္ကဋ္ဌ ဦးအောင်ဟိန်း၊ မြို့နယ်လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ဥက္ကဋ္ဌ ဦးဒါဝိတ်၊ မိုင်းတုံမြို့နယ် လုပ်ငန်းဆောင်ရွက်ချက်အခြေအနေကို ဒေါ်ခင်မျိုးသန့်တို့က ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

လုပ်ငန်းဆောင်ရွက်မှု ဆွေးနွေးတင်ပြချက်များအပေါ် ရှမ်းပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်းမှ ချုံငုံရှင်းလင်းဆွေးနွေးပြီး တွေ့ဆုံပွဲတက်ရောက် လာကြသည့် ပါတီဝင်များက လိုအပ်ချက်များကို တင်ပြဆွေးနွေးကြကြောင်း သတင်းရရှိပါသည်။

Myo Thant