နှစ်ထပ်ဘုန်းကြီးကျောင်းဆောင်သစ် ဆောက်ရာတွင် ပြည်ခိုင်ဖြိုးပါတီမှ ကျပ်(၁၂)သိန်းလှူဒါန်းခြင်း

 

(၂-၃-၂၀၁၇) ရက်နေ့တွင်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ ခရိုင်ကော်မတီဝင် ဒေါ်နန်းဝိုးလှိုင်၊ မြို့နယ်ကော်မတီဝင် ဦးစိုးကျော်အောင်၊ ဦးအောင်ထန်၊ မြို့နယ်(အရံ)ကော်မတီဝင်ဦးခင်မောင်လွင် တို့သည် ကျိုင်းလပ်မြို့နယ်၊ ရပ်ကွက် (၂) ၀မ်နတ်ဘုန်းကြီးကျောင်းတွင် နှစ်ထပ်ဘုန်းကြီးကျောင်းဆောင် ဆောက်လုပ်ရာတွင် လိုအပ်သည့် ဘိလပ် မြေ၊ သံများဝယ်ယူရန် အလှူငွေ ကျပ် (၁၂) သိန်းကို သွားရောက်လှူဒါန်း ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အလှူအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်/ မြို့နယ် နှင့် ဗဟိုကော်မတီဝင်များဖြစ် သည့် ဦးဝီလ်ဆင်မိုး၊ ဒေါ်တင်မေထွန်း၊ ခရိုင် ကော်မတီဝင် ဒေါ်နန်းဝိုးလှိုင် နှင့် ပါတီဝင်များမှ စုပေါင်းလှူဒါန်း ခဲ့ကြခြင်းဖြစ် ပါသည်။

ထို့အပြင် လိမ္မော်သီး၊ သရက်သီး၊ ၀ပျစ်သီးများကိုလည်း ထပ်မံလှူဒါန်းရာ ဂေါပက ဦးစိုင်းကျင်း နှင့် ရပ်ကွက်ပြည်သူတို့မှ လက်ခံခဲ့ပြီး ကျောင်းထိုင် ဆရာတော် ပီယာ့ထမ်းမိုး မှ ရေစက်ချ အမျှပေးဝေးခဲ့ပြီး ညနေ (၄) နာရီတွင် ကျိုင်းလပ်မှ တာချီလိတ်သို့ ပြန်လည်ရောက်ရှိကြောင်း သိရှိရပါသည်။

Myo Thant