ခရိုင်/မြို့နယ်/ရပ်ကျေး အစည်းအဝေးကျင်းပခြင်း

 

(၂၄-၂-၂၀၁၇)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်/မြို့နယ်/ ရပ်ကျေး ပြည်ခိုင်ဖြိုးပါတီ ညှိနိုင်းအစည်းအဝေးကို ကျင်းပရာ ဗဟိုကော်မတီဝင် ဦးဝီလ်ဆင်မိုး တက်ရောက်ခဲ့ပြီး ကျိုင်းတုံမြို့နယ် တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အုတ်တစ်ချုပ် သဲတစ်ပွင့်အဖြစ် ၀ိုင်းဝန်ဆောင်ရွက်ရေးကိစ္စ၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌကြီး လာရောက်ခဲ့လျှင် ကြိုတင်ဆောင်ရွက်ရမည့် ကိစ္စနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် ရှေ့ လုပ်ငန်းစဉ် ကိစ္စများ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း
သိရှိရပါသည်။

ဆက်လက်၍ အစည်းအဝေးပြီးလျှင် ဗဟိုကော်မတီဝင် ဦးဝီလ်ဆင်မိုးမှ အကုန်ကျခံ၍ နေ့လည်စာအား ပါတီရုံးအောက်ထပ်တွင် စုပေါင်းစားသောက် ပြီးနောက်၊ ခရိုင်ဥက္ကဋ္ဌ ဦးဘိုစံ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်း နှင့် ခရိုင်/ မြို့နယ်ကော်မတီဝင်၊ ရပ်ကျေးခေါင်းဆောင်တို့မှ အဆုပ်ပြည်တည်ရောဂါဖြင့် ခွဲစိပ်ကုသမှုခံယူနေသော ၀မ်းကောင်းရပ်ကွက် ပါတီ (ဒု-ခေါင်းဆောင်) ဦးဒေဗစ်ထံ သွားရောက်ပြီး အားပေးစကားပြော ကြားခြင်း၊ ပါတီမှ အာဟာရပြည့် အစားအစာနှင့် အလှူငွေ ထိုင်းဘတ်(၅၀၀)အား ပေးအပ် လှူဒါန်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည်။

Myo Thant