
သြဂုတ် ၃

=================================

တောင်သူလယ်သမား စိုက်ပျိုးရေး အသိပညာဆွေးနွေး

သြဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ ခရိုင် လေးမျက်နှာမြိုနယ် ကညင်သောင်အုပ်စု ကုန်းကြီးကျေးရွာ ဦးမြင့်ဦး၏ နေအိမ်တွင် တောင်သူလယ်သမား စိုက်ပျိုးရေးအသိပညာဆွေးနွေး ပွဲကို ယနေ့နံနက် ၈နာရီ မှ ၁၀ နာရီ အထိကျင်းပခဲ့သည်။

ဆွေးနွေးပွဲသို တိုင်း ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်း ၊ တိုင်းဘဏ္ဍာရေးမှုး ဦးလှခိုင်၊ တိုင်းတောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးကျော်ဝင်းနိင် နှင့် မြိုနယ်ပါတီ ဥက္ကဋ္ဌ ဒေါ်စန်းစန်းချို တို တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် တိုင်းပါတီဥက္ကဋ္ဌမှ သရက် ကိုင်းကူး၊ ကိုင်းဆက်နည်းများကို လက်တွေ့ပြသခြင်း ၊ စီးပွားဖြစ်သီးနှံများ စိုက်ပျိုးခြင်းတိုကို  ဆွေးနွေးခဲ့ပြီး  ဦးကျော်ဝင်းနိင် မှ သီးနှံအထွက်တိုးရန် မျိုးကောင်း မျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်းနှင့် သဘာဝမြေသြဇာ၊ ဇီဝမြေသြဇာ တိုကို စနစ်တစ်ကျ အသုံးပြုပုံတိုကို တက်ရောက်လာကြသည့် တောင်သူလယ်သမား ၅၀ဦးခန့် နှင့်ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြသည်။