Spice Girls သီချင်း ဗီဒီယိုကို TikTok ပေါ်ကနေမျှဝေခဲ့တဲ့ ဗစ်တိုးရီးယားဘက်ဟမ်း

ဗစ်တိုးရီးယားဘက်ဟမ်း က ကာရာအိုကေတစ်ခုမှာ Spice Girls အဖွဲ့ရဲ့ သီချင်းတစ်ပုဒ်ကို သီဆိုနေတဲ့ဗီဒီယိုကို TikTok ပေါ်မှာ မျှဝေခဲ့ပါတယ်။
မူလ Spice Girls အဖွဲ့ဝင် နဲ့ ဖက်ရှင်ဒီဇိုင်နာဖြစ်သူ ဗစ်တိုးရီးယား က သူတို့အဖွဲ့ရဲ့ နာမည်ကျော် “Say You’ll Be There” သီချင်း ကို ခင်ပွန်းဖြစ်သူ ဒေးဗစ်ဘက်ဟမ်း နဲ့အတူ သီဆိုခဲ့တာ ဖြစ်ပါတယ်။
“ မီယာမီမှာ အသံကျင့်နေတာပါ။ နောက်ထပ် အများကြီးလာပါဦးမယ်”လို့လည်း ဗစ်တိုးရီးယားက ရေးသားထားပါတယ်။
ဒေးဗစ်ဘက်ဟမ်းကလည်း သူငယ်ချင်းတွေနဲ့အတူ ကာရာအိုကေဆိုနေတဲ့ ပုံတွေကို အင်စတာဂရမ်မှာ မျှဝေထားပါတယ်။
ဘက်ဟမ်းတို့ ဇနီးမောင်နှံ က ဘက်ဟမ်းပူးတွဲပိုင်ဆိုင်တဲ့ အင်တာမီယာမီ အသင်းမှာ မက်ဆီ စတင်ပါဝင် ကစားတဲ့ ပွဲကို တက်ရောက်ရင်း မီယာမီမှာ ရောက်ရှိနေကြတာဖြစ်ပါတယ်။

-Ref:UPI