ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ (၁၃)ကြိမ်မြောက် သက်ကြီးဟာသပညာရှင်များအား ကန်တော့ပွဲ အခမ်းအနားသို့ တက်ရောက်

ဇူလိုင် ၇၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့နှင့်အတူ ၇-၇-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ MICC (2) ခန်းမတွင် ကျင်းပပြုလုပ်သော (၁၃)ကြိမ်မြောက် သက်ကြီးဟာသ ပညာရှင်များအား ကန်တော့ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် အခမ်းအနားကျင်းပရာ MICC(2) ခန်းမသို့ နံနက် ၈ နာရီခွဲတွင် ရောက်ရှိပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ၎င်းနောက် မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးသို့ အလှူငွေ (၃၀)သိန်းကျပ်အား ပေးအပ်လှူဒါန်းကာ ကန်တော့ခံသက်ကြီးဟာသပညာရှင်များ၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဟာသပညာရှင်များ၊ အနုပညာရှင်များနှင့် ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်စကားများပြောကြားခဲ့ကြောင်း သိရှိရပါသည်။