ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်/ခရိုင်ကော်မတီဝင်များ လုပ်ငန်းညှိနှိင်း အစည်းအဝေးပြုလုပ်

(4.7.23)ရက်နေ့ နံနက် (10:00)နာရီ
ရန်ကုန်တိုင်းဒေသကြီး၊ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ပါတီဥဣဌ ဦးခင်မောင်စိုး ၏ လမ်းညွှန်ချက် များနှင့် အညီ…. ရန်ကုန်တိုင်းဒေသကြီး ၊လှည်းကူးခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ဥဣဌဦးအောင်မျိုးနိုင် ဦးဆောင်ကာ ၊လှည်းကူးခရိုင်အတွင်း ရွေးကောက်ပွဲ အနိုင်ရရှိရေးနှင့်စပ်လျဉ်း သည့် လုပ်ငန်း များ၊မိုးရာသီ ပြည်သူ့အကျိုးပြု လုပ်ငန်းများ၊မိုးရာသီ စိုက်ပျိုးရေး နှင့်ဆက်စပ် သည့် လူထုအကျိုးပြုလုပ်ငန်းများဆောင်ရွက် နိုင်ရေးအတွက် ခရိုင်ကော်မတီဝင်များ၊ ခရိုင် အရံကော်မတီဝင်များ မှ မိမိတို နှင့် သက်ဆိုင်သောအောင်နိုင်ရေး ဒေသအလိုက် ကြီးကြပ် ကွပ်ကဲဆောင်ရွက်နိုင်ရေး အလေးထား ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေး ကို လှည်းကူးခရိုင် ခန်းမ၌ ကျင်းပရာ ခရိုင်ဥဣဌ ဦးအောင်မျိုးနိုင် ၊ ခရိုင် အတွင်းရေးမှူး ဦးသန်းဇော် နှင့်ခရိုင် အဆင့် အောင်နိုင်ရေး နယ်မြေတာဝန်ခံ ခရိုင်ကော်မတီဝင်များ ၊အရံ ခရိုင်ကော်မတီဝင်
များ၊မြိုနယ် ဘဏ္ဍာရေးမှူး ဒေါ်ရင်ရွှေ နှင့် မြိုနယ် ကော်မတီဝင်များ ၊စုစုပေါင်းအင်အား (30) ဦးတက်ရောက်ကြပြီး ၊ ဖော်ပြပါ လုပ်ငန်း များအပြင် ရက်(၉၀) စီမံချက်ဆောင်ရွက်မှု အခြေအနေများ ၊ လုံခြုံရေး ဆောင်ရွက် ထားမှု အခြေအနေ များ၊ စည်းကမ်းထိမ်းသိမ်းရေး ဆောင်ရွက်ထားမှုအခြေအနေများ ၊ ဖောင်ကြီး
ဒေသရှိ ပါတီ ပိုင် အဆောက်အဦးနှင့်မြေပိုင် ဆိုင်မှု လျှောက်ထားမှု အခြေအနေများ ကို ဆွေးနွေးတင်ပြကြရာ ခရိုင်နှင့် မြိုနယ် ပါတီ ဥဣဌ ဦးအောင်မျိုးနိုင် မှ ပေါင်းစပ်ဖြေရှင်း ပေးခဲ့ပြီးအစည်းအဝေး ကို နေ့လည် (12:00)
နာရီ တွင်အောင်မြင်စွာရုတ်သိမ်းခဲ့ပါကြောင်းသတင်းရရှိပါသည်။