ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရခိုင်ပြည်နယ် လေဘေးသင့်ဒေသများတွင် လုပ်အားပေးကူညီမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိ

မေ ၃၀၊ စစ်တွေ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၏ လမ်းညွှန်မှုဖြင့် ရခိုင်ပြည်နယ်၊ လေဘေးသင့်ဒေသ တစ်ခုဖြစ်သည့် စစ်တွေမြို့တွင် လုပ်အားပေးကူညီမှုများကို ရခိုင်ပြည်နယ်မှ ပါတီဝင်အင်အား ၁၀၀ ကျော်၊ မန္တလေးတိုင်းဒေသကြီးမှ ပါတီဝင်အင်အား ၁၀၀ ဦးတို့က ၂၃-၅-၂၀၂၃ ရက်နေ့မှစပြီးဆောင်ရွက်ခဲ့ရာ ယနေ့ ၃၀-၅-၂၀၂၃ ရက်နေ့ အဋ္ဌမနေ့အဖြစ် စစ်တွေမြို့အဝင်လမ်းမကြီးနှင့် တပ်နယ်လမ်းတို့တွင် အပျက်အစီးများ ရှင်းလင်းခြင်း၊ အမှိုက်၊ ခြုံနွယ်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
#USDP #Myanmar
#Sittwe