ဆီဗီလာအသင်း ယူရိုပါလိဂ်ဖလား ၇ ကြိမ်မြောက် ဆွတ်ခူးရရှိ

ယမန်နေ့က ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ စပိန်ကလပ်ဆီဗီလာက အီတလီက ရိုးမားအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။
နည်းပြမော်ရင်ဟိုရဲ့ ရိုးမားအသင်းဟာ ပွဲချိန်ပထမပိုင်းကတည်းက ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ ဂိုးကြောင့် တစ်ဂိုးစီ သရေကျခဲ့ပါတယ်။
အချိန်ပိုမှာ နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ခဲ့ဘဲ ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ဆီဗီလာက ၄ ဂိုး တစ်ဂိုးနဲ့အနိုင်ရခဲ့တာပါ။
ဒါဟာ ဆီဗီလာအတွက် ၇ ကြိမ်မြောက်အဖြစ် စံချိန်တင်ဆွတ်ခူးနိုင်ခဲ့တဲ့ ယူရိုပါလိဂ်ဖလားပဲဖြစ်ပါတယ်။
ရိုးမားနည်းပြမော်ရင်ဟိုကတော့ ၎င်းရရှိတဲ့ ဒုတိယဆုတံဆိပ်ကို ပရိသတ်ထဲက ကလေးငယ်တစ်ဦးထံ ပစ်ပေးခဲ့တယ်လို့ သိရပါတယ်။