ဗိုလ်တထောင်ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ဒေါပုံမြို့နယ်သို့ ကွင်းဆင်း၍ ရပ်ကွက်ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံပြီး လုပ်ငန်း ညှိနှိင်း အစည်းအဝေးကျင်းပ

ဒေါပုံ။ ။ မတ် (၉)
ရန်ကုန်တိုင်းဒေသကြီး ၊ဗိုလ်တထောင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ဒေါပုံမြိုနယ်သို့ ကွင်းဆင်း၍ မြိုနယ်ကော်မတီဝင်များ ရပ်ကွက်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ၍ လုပ်ငန်း ညှိနှိင်းအစည်းအဝေးကို (၉.၅.၂၀၂၃)အဂ်ါနေ့ နေ့လည် ( ၁:၃၀) က ဒေါပုံ မြိုနယ် ပါတီရုံးအစည်းအဝေးခန်းမ တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ဝါရင့်စာရေးဆရာကြီး အလက်ာကျော်စွာ စည်သူ ဦးမြတ်သူ က လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေနှင့်ပက်သက်၍ တင်ပြဆွေးနွေးခဲ့ပါသည်။
ထို့နောက် ပြည်ခိုင်ဖြိုးပါတီ အရန်ဗဟိုကော်မတီဝင် ဗိုလ်တထောင်ခရိုင် ပါတီ ဥက္ကဌ ဦးဉာဏ်ဝင်းထိုက် မှ ရေ နှင့် မီးကိစ္စတင်ပြထားမှုများအားဆောင်ရွက်ပြီးစီးမှု အခြေအနေ နှင့် ရက် (၉၀)စီမံချက် များ နှင့် App လုပ်ငန်းစဉ်များကို အချိန်မှီ စနစ်တကျ ပြီးစီးအောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ခရိုင်ပါတီ ဥက္ကဌ အနေဖြင့် တက်ရောက်လာသူများအား တစ်ဦးလျှင် လမ်းခရီးစရိတ်( ၂၀၀၀)ကျပ် ထောက်ပံ့ပြီး မြိုနယ်ပါတီအနေဖြင့်လည်း ပုံမှန်ထောက်ပံပေးနိုင်ရေး စီစဉ်ထားရှိပါကြောင်းပြောကြား၍ ခရိုင်ပါတီ အတွင်းရေးမှုး ဒေါ်လဲ့လဲ့အေး က ပြည့်မဏ္ဍိုင် လုပ်ငန်းစဉ်များနှင့်ပက်သက်၍ ရှင်းလင်းပြောကြားပြီး ရပ်ကွက်ပါတီခေါင်းဆောင်များက မိမိတို့ရပ်ကွက်အလိုက် လိုအပ်ချက်များကို တင်ပြဆွေးဆွေးကြပါသည်။
လုပ်ငန်းညှိနှိင်း အစည်းအဝေးသို ပြည်ခိုင်ဖြိုးပါတီ အရန်ဗဟိုကော်မတီဝင် ဗိုလ်တထောင်ခရိုင် ပါတီဥက္ကဋ္ဌ ဦးဉာဏ်ဝင်းထိုက် ၊အတွင်းရေးမှုး ဒေါ်လဲ့လဲ့အေး၊ ဘဏ္ဍာရေးမှုး ဒေါ် အေးအေးမွန် နှင့်ခရိုင်ပါတီကော်မတီဝင်များ ၊ဒေါပုံမြိုနယ် ပါတီဥက္ကဋ္ဌ ဦးသက်နိုင်၊ ပုဇွန်တောင်မြိုနယ် ပါတီဥက္ကဋ္ဌဦးစိုးမင်းသန်း၊ မဂ်လာတောင်ညွန့်မြိုနယ်ပါတီ အတွင်းရေးမှုးဦးတင်ရှိန်၊ သာကေတမြိုနယ် ပါတီအတွင်းရေးမှုးဦးဝေဠုအောင်၊ ဗိုလ်တထောင်မြိုနယ် ပါတီအတွင်းရေးမှုး ဦးနေဝင်းအောင်၊ ဒေါပုံမြိုနယ် ပါတီအတွင်းရေးမှုး ဦးမောင်မောင်သန်း နှင့် ဒေါပုံမြိုနယ်ပါတီ ကော်မတီဝင်များ၊ ဒေါပုံမြိုနယ်အတွင်းရှိ ရပ်ကွက်များမှ ပါတီဥက္ကဋ္ဌများ တက်ရောက်ကြကြောင်းသိရပါသည်။