နာမည်ကြီးသီချင်း ၆ ပုဒ်ကို ခိုးယူထားတယ်လို့ဆိုကာ ဝေဖန်ခံနေရတဲ့ အဆိုတော်မလေး IU

တောင်ကိုရီးယားအဆိုတော်မလေး IU ဟာဆိုရင် အခြားအနုပညာရှင်တွေရဲ့ သီချင်းတွေကို မူပိုင်ခွင့်မရှိဘဲ သုံးစွဲနေတယ်ဆိုပြီး လက်ရှိမှာ ဝေဖန်မှုတွေနဲ့ များစွာကြုံတွေ့နေရပါတယ်။
Maeil Business Newspaper ရဲ့ စုံစမ်းစစ်ဆေးချက်တွေအရ အဆိုတော်မလေး IU ဟာဆိုရင် သူမ သီဆိုထားတဲ့ “The Red Shoes,” ၊ “Good Day,” ၊ “BBIBBI,” ၊ “Pitiful,” ၊ “Boo,” နဲ့ “Celebrity,” သီချင်းတွေကို ပုံတူခိုးကာ တုပသီဆိုနေတယ်ဆိုပြီး ဝေဖန်ခံနေရပါတယ်။
‘Good Day’ နဲ့ ‘The Red Shoes’ သီချင်းတွေဟာဆိုရင်လည်း မူရင်း နားထောင်သူတွေကိုတောင် သိသာထင်ရှားစွာနဲ့ ပုံတူကူးဆိုထားတယ်ဆိုပြီးပြောနေကြတာတွေ ရှိပါတယ်။ The Red Shoes သီချင်းဟာဆိုရင်လည်း ၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့တုန်းက ဂျာမနီအဆိုတော်အဖွဲ့ Nekta ရဲ့ “Here’s Us” သီချင်းကို ပုံတူကူးထားတယ်ဆိုပြီး ပြောနေကြတာတွေရှိပါတယ်။ အဲဒီအချိန်တုန်းကလည်း Nekta က IU ရဲ့ အေဂျင်စီကို အီးမေးလ်ပို့ပြီး သီချင်းစာသားခိုးကူမှုနဲ့ပတ်သက်ပြီးပြောခဲ့ပေမယ့် အကြောင်း ပြန်ချက် တစ်စုံတစ်ရာ ပြန်လည် မရရှိခဲ့ဘူးလို့ သိရပါတယ်။ သီချင်းခိုးယူမှုနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တောင်ကိုရီးယား အဆိုတော်မလေး IU ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။
Source: Nate.
#IU #Myanmarload