ပါတီ၏ဗဟိုအလုပ်အမှုဆောင် တောင်ငူခရိုင်နှင့်ညောင်လေးပင်ခရိုင်အတွင်းရှိ မြို့နယ်ပါတီရုံးများသို့ သွားရောက် ကွင်းဆင်းတွေ့ဆုံ

ပဲခူး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီးပါတီ၏ တိုင်းဒေသကြီး ပါတီဥက္ကဌဦးရဲမြင့်ထွန်းဦးဆောင်သောအဖွဲသည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းမှစတင်၍ တောင်ငူခရိုင် အတွင်းရှိ တောင်ငူမြို့နယ် ၊ ဖြူးမြို့နယ်ရှိ မြို့နယ်ပါတီဥက္ကဌများ/ မြို့နယ်ပါတီအတွင်းရေးမှူးများ၊ မြို့နယ် ကော်မတီဝင်များနှင့်တွေ့ဆုံခဲ့သည်။ မွန်းလွဲပိုင်းတွင် ညောင်လေးပင်ခရိုင်အတွင်းရှိ ကျောက်တံခါးမြို့နယ်ပါတီရုံးနှင့် ညောင်လေးပင်မြို့နယ်ပါတီရုံးတို့တွင် မြို့နယ်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။

တွေ့ဆုံခဲ့ရာတွင် ပါတီ၏ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီ၏ ဥက္ကဌဦးရဲမြင့်ထွန်းမှ ပါတီဗဟို၏ လမ်းညွန်ချက်များ၊ မြေပြင်အမှန်ပါတီဝင်များ၏စာရင်းအမှန်ရရှိရေး၊ ရက်ပေါင်း ၉၀ သုံးလတာ စီမံချက် အကောင်အထည်ဖော်ဆောင်ရွှက်ခဲ့ရာတွင် မြို့နယ်များ၏ အားနည်းချက်များ/အားသာချက်များ၊ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။ အစီစဉ်များအရ တိုင်းဒေသကြီး လူငယ်တာဝန်ခံ ဒေါက်တာသန့်ဇော်လွင်မှ လူငယ်ရေးရာကဏ္ဍများဖွဲ့စည်းထားရှိမှု၊ ပါတီဗဟို၏လူငယ်ရေးရာကဏ္ဍဆောင်ရွက်နေမှု၊ လူငယ်ရေးရာကဏ္ဍဖွဲ့စည်းရာတွင် သတိပြုရမည့်အချက်များအား အသေးစိတ်ဆွေးနွေးခဲ့သည်။ တိုင်းဒေသကြီး ပါတီကော်မတီဝင် ပါတီ၏လုပ်ငန်းစီစစ်ရေးကော်မတီတာဝန်ခံမှ မြို့နယ်ပါတီများ၏လုပ်ငန်းများ စီမံဆောင်ရွက် အကောင်အထည်ဖော်နေမှုလုပ်ငန်းကိစ္စရပ်များအားဆွေးနွေးခဲ့သည်။ ဆွေးနွေးရှင်းလင်းချက်များအပေါ်တက်ရောက်လာကြသော မြို့နယ်ပါတီတာဝန်ရှိသူများမှပြန်လည်ရှင်းလင်းတင်ပြခြင်း၊ ပါတီဝင်များစီစစ်နေမှုအခြေအနေများ၊ သက်ဆိုင်ရာ နယ်မြေအလိုက်ပါတီ၏ ပကတိမြေပြင်အခြေအနေများ၊ ပါတီ၏လူငယ်ရေးရာကဏ္ဍဖွဲစည်းထားရှိမှု၊ မြို့နယ်ပါတီ ကော်မတီဝင်များ၏ ဒေသအလိုက်လှုပ်ရှားဆောင်ရွက်နေမှု ၊ တိုင်းဒေသကြီးပါတီ၏ လုပ်ငန်း ညွန်ကြားချက် များအား အကောင်အထည်ဖော်ဆောင်ရွှက်နေမှုများအားမြို့နယ်အသီးသီးမှတင်ပြ အကြံပြု ဆွေးနွေးခဲ့သည်။ တင်ပြ ဆွေးနွေးအကြံပြုချက်များအပေါ် တိုင်းဒေသကြီးပါတီ၏တာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိင်းခြင်း၊ ဆွေးနွေး ဆုံးဖြတ်ခြင်း၊ အစည်းအဝေးမှတ်တမ်းတင်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းများအားဆောင်ရွှက်ခဲ့သည်။

သွားရောက်ခဲ့တွေ့ဆုံခဲ့သောမြို့နယ်ပါတီအသီးသီး၏ မြို့နယ်ကော်မတီဝင်များထံသို့ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဆောင်သောအဖွဲ့မှ ပါတီ၏ဗဟိုဥက္ကဌဖြစ်သူ  “ဝဏ္ဏကျော်ထင် သီရိပျံချီ ဦးခင်ရီ”၏ဓာတ်ပုံများအား အမှတ်တရ ပေးအပ်ခဲ့သည်။