တူရကီ-ဆီးရီးယားငလျင်အတွက် ပရီးမီးယားလိဂ်အဖွဲ့ချုပ် ပေါင်(၁)သန်းလှူဒါန်း

ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် တူရကီ-ဆီးရီးယားငလျင်အတွက် ပေါင်(၁)သန်းလှူဒါန်း၍ အကူအညီပေးခဲ့ကြောင်း သိရသည်။ Reuters သတင်းဌာန၏ ဖော်ပြချက်အရ လူပေါင်း(၂၈၀၀၀)ကျော် သေဆုံးခဲ့သော အဆိုပါငလျင်ကြောင့် လူပေါင်း(၁.၃)သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်းလည်း သိရသည်။ ထို့ကြောင့် ဗြိတိန်မှ ရန်ပုံငွေအဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းထားသော အရေးပေါ်ဘေးအန္တရာယ်ကယ်ဆယ်ရေးကော်မတီ(DEC)မှတစ်ဆင့် ပရီးမီးယားလိဂ် အဖွဲ့ချုပ်က ပေါင်(၁)သန်းလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ငလျင်ဒဏ်ခံစားခဲ့ရသူများကို စာနာ ကြောင်း ပြသသည့်အနေဖြင့် ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် လက်ပတ်အနက်များ ဝတ်ဆင် ကစားခဲ့ကြသည်။