ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်မှုနှင့် နယ်စပ်ကုန်သွယ်ရေးအလားအလာ

မြန်မာ-တရုတ်နယ်စပ် ကျယ်ဂေါင်-မန်ဝိန်းဂိတ်ကို  ဇန်နဝါရီ ၁၄ ရက်က နှစ် နိုင်ငံစလုံး ဖွင့်လှစ်ခဲ့ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။ တရုတ်-မြန်မာနယ်စပ် ရွှေလီနယ်စပ် ဂိတ် တရုတ်ဘက်က စတင်ဖွင့်လှစ်ထား ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ ဇန်နဝါရီ ၈ ရက်မှစ၍ တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအတွက် “B  အဆင့်ကူးစက်မှုရောဂါကို အဆင့် စီမံထိန်း ချုပ်မှု”အကောင်အထည်ဖော်ဆောင်ပြီး ပြည်ဝင်လာသူများနှင့်ကုန်ပစ္စည်းများ စသည် တို့အပေါ် ကူးစက်ရောဂါစစ်ဆေးရေး စီမံ ခန့် ခွဲ မှုအစီအမံများ မကျင့်သုံးတော့ ကြောင်း၊ ထိုနေ့တွင် ယူနန်ပြည်နယ် တရုတ် -မြန်မာ နယ်စပ်ရွှေလီနယ်စပ်ဂိတ်၊ တရုတ် -ဗီယက် နမ်နယ်စပ် ဟိုခိုနန်ရှီးမြစ်နယ်စပ်ဂိတ်၊ တရုတ်-လာအိုနယ်စပ် မိုဟန်နယ်စပ်ဂိတ် တို့ ၌ ဂိတ်ဖြတ်သန်းသွားလာရေး လုပ်ငန်း များ ပြန်လည်စတင်ခဲ့သည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ ရွှေလီနယ်စပ်ဂိတ်တွင် ဂိတ်ဖြတ်သန်း သွားလာမှုများ ပြန်လည်စတင်ပြီးနောက် ပြည်ဝင်သူများသည် ကျန်းမာရေးကုတ် လျှောက်ထားရယူရန်မလိုတော့ဘဲ ၄၈ နာ ရီအတွင်း စစ်ဆေးထားသော COVID-19 ရောဂါမရှိကြောင်း စစ်ဆေးမှုအစီရင်ခံစာကို သာ လိုအပ်တော့ ကြောင်း၊ ပြည်ဝင်လာသည့် ကုန်တင်ကားများသည် ယာဉ်မောင်းနှင့် ယာဉ်၏အချက်အလက်ကို အကောက်ခွန် ဌာနထံ ကြိုတင်အကြောင်းကြားပြီး ပြည် ဝင်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ တရုတ်-မြန်မာ နယ်စပ်ဂိတ်လမ်း ကြောင်းများဖြစ်သည့် ရွှေလီနယ်စပ်ဂိတ် ကျယ်ဂေါင်နန်းတော်ဂိတ်၊ ကုန်ပစ္စည်းစခန်း၊ တရုတ်-မြန်မာစျေး စသည့် လမ်းကြောင်း သုံးခု၌ လူ၊ ကုန်ပစ္စည်းများ ဖြတ်သန်းသွား လာမှု ဇန်နဝါရီ ၈ ရက်မှစ၍ ပြန်လည်ဖွင့် လှစ်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၄ ရက်တွင် ကျယ်ဂေါင်-မန် ၀ိန်းဂိတ်ကိုမူ နှစ်နိုင်ငံစလုံး ဖွင့်လှစ်ခဲ့သည် ဟု  သိရသည်။ ပထမ သုံးလပတ် အတွင်း မြန်မာမှ ပို့ကုန်အများဆုံးတင်ပို့ခဲ့သည့် ထိုင်း နိုင်ငံအလိုက် ကုန်သွယ်မှုအခြေအနေ တွင်လည်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ စက်တင်ဘာလကုန်အထိ ခြောက်လအတွင်း မြန်မာ-တရုတ် ကုန်သွယ်မှုတွင် မြန်မာဘက် မှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၇၃၀ ဒသမ၂၈၆ သန်း၊ တရုတ်ဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၂၇၄၂ ဒသမ ၃၂၀ သန်းဖြင့် နှစ်နိုင်ငံကုန် သွယ်မှု ဒေါ်လာ ၄၄၇၂ ဒသမ ၆၀၆ သန်းရရှိ ခဲ့သည်။ ခြောက်လအတွင်း မြန်မာ-ထိုင်းကုန် သွယ်မှုအနေဖြင့် မြန်မာဘက်မှပို့ကုန်တန်ဖိုး ဒေါ်လာ ၁၈၈၆ ဒသမ ၃၈၅ သန်း၊ ထိုင်းဘက် မှ သွင်းကုန် တန်ဖိုးဒေါ်လာ၁၀၇၁ ဒသမ ၄၃၀ သန်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၂၉၅၇ ဒသမ ၈၁၅ သန်းရရှိခဲ့ကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။ ဘဏ္ဍာနှစ်အလိုက် မြန်မာ-ထိုင်းကုန် သွယ်မှု အခြေအနေ ကိုလေ့လာကြည့်ပါက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန် မာဘက် မှ ပို့ကုန်တင်ပို့မှုတန်ဖိုးဒေါ်လာ ၃၀၉၅ ဒသမ ၉၈၈ သန်းရှိသည်။ ထိုင်းဘက်မှ သွင်းကုန် တန်ဖိုး ဒေါ်လာ ၂၀၂၁ ဒသမ ၉၂၅ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၅၁၁၇ ဒသမ ၉၁၃ သန်း ရရှိထားသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် မြန်မာ -ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၅၄၆၅ ဒသမ ၁၇၃ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန် တန်ဖိုး ဒေါ်လာ ၃၂၇၇ ဒသမ ၅၇၅ သန်းတင် ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်ဒေါ်လာ ၂၁၈၇ ဒသမ ၅၉၈ သန်း တင်သွင်းထားသည်။ ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှစက်တင်ဘာ လကုန်အထိ မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ် မှု ဒေါ်လာ ၂၉၅၈ ဒသမ ၀၃၉ သန်းရှိပြီး မြန် မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၅၅၉ ဒသမ ၄၅၄သန်း တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်း ကုန်တန်ဖိုးဒေါ်လာ ၁၃၉၈ ဒသမ ၅၈၅ သန်း တင်သွင်းထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ -ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၅၀၇၄ ဒသမ ၇၀၇ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန် တန်ဖိုးဒေါ်လာ ၂၈၄၆ ဒသမ ၀၆၆ သန်းတင် ပို့ထားပြီး ထိုင်းဘက်မှသွင်းကုန်တန်ဖိုးဒေါ် လာ ၂၂၂၈ ဒသမ ၆၄၁ သန်းတင်သွင်းသည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာ -ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၄၂၈၈ ဒသမ ၁၇၂ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန် တန်ဖိုးဒေါ်လာ ၂၂၁၂ ဒသမ၂၃၄ သန်း တင် ပို့ထားပြီး ထိုင်းဘက်မှသွင်းကုန်တန်ဖိုး ဒေါ် လာ ၂၀၈၅ ဒသမ ၉၃၈ သန်းတင်သွင်းထား သည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်   ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ထိုင်း  နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ ဒေါ်လာ၉၅ ဒသမ ၇၂ သန်းဖြင့် အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံ သို့ ဒေါ်လာ ၉၄၈ ဒသမ ၁၅သန်းဖြင့် ဒုတိယ အများဆုံးဖြစ်သည်။ သို့သော်လည်း သွင်းကုန် တင်သွင်းမှုတွင် တရုတ်နိုင်ငံက အများဆုံး ဖြစ်ပြီး စင်ကာပူက ဒုတိယနှင့် ထိုင်းနိုင်ငံက တတိယအများဆုံးဖြစ်သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလ ပတ်အတွင်း မြန်မာနိုင်ငံမှ ပို့ကုန်အများဆုံး  တင်ပို့ခဲ့သည့်နိုင်ငံမှာ ထိုင်းဖြစ်ပြီး စုစုပေါင်း ပို့ကုန်၏ ၂၂ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။ ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့မှု အခြေအနေမှာ ယခင်ဘဏ္ဍာနှစ် ပထမသုံးလပတ်နှင့် နှိုင်း ယှဉ်ပါက ၆ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်ခဲ့ ကြောင်း သိရသည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုအခြေအနေ မြန်မာ-တရုတ်နယ်စပ်တွင် မူဆယ်နယ်စပ်၊ လွယ်ဂျယ်နယ်စပ်၊ ကန်ပိုက်တီးနှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းတို့ဖြင့် ကုန်သွယ်မှုပြုလုပ်နေပြီး မူဆယ်နယ်စပ်မှာ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေးစခန်းအသီးသီး၏ ကုန်သွယ်မှုအခြေအနေ အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ ဇန်နဝါရီ ၆ ရက်အ ထိ မူဆယ်နယ်စပ်တွင် ပို့ကုန်ဒေါ်လာ ၁၅၁၉ ဒသမ ၁၉၄ သန်း၊ သွင်းကုန်ဒေါ်လာ ၁၉၉ ဒသမ ၉၁၆ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၁၇၁၉ ဒသမ ၁၀၀ သန်းရရှိခဲ့ကာ ယခင်နှစ် ကာလတူထက် နယ်စပ်ကုန်သွယ်မှု ဒေါ်လာ ၇၄ ဒသမ ၅၈၇ သန်း ပိုမိုရရှိခဲ့ကြောင်း စီးပွား ရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်မှုတွင် ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ ကာလ အတွင်း ပို့ကုန် ဒေါ်လာ ၅ ဒသမ ၈၆၀ သန်း၊ သွင်းကုန် ဒေါ်လာ ၃ ဒသမ ၅၇၈ သန်း ကုန် သွယ်မှုပမာဏတန်ဖိုး ဒေါ်လာ၉ ဒသမ ၄၃၈ သန်းဖြစ်၍ ယခင်နှစ်ကာလတူ လုပ်ငန်း ဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး ဒေါ်လာ ၅ ဒသမ ၃၅၉ သန်း၊ သွင်း ကုန်ဒေါ် လာ ၃ ဒသမ ၁၆၇ သန်း ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး ဒေါ်လာ ၈ ဒသမ ၅၂၆ သန်း ပိုမို ခဲ့သည်။ ပို့ကုန်ပိုင်းတွင် မြေပဲဆန်၊ မြေပဲ( အခွံပါ)၊ ဆီးဖြူသီးခြောက်၊ ပြောင်း၊ ဆန်၊ ဆန်ကွဲ၊ လက်ဖက်ခြောက်၊ ရော်ဘာကြမ်း၊ နှမ်းနက်၊ ကြံ၊ နှံစားပြောင်း၊ မြေထောက်ပဲတို့ ပိုမိုတင် ပို့နိုင်ခဲ့ပြီး သွင်းကုန်ပိုင်းတွင် လူသုံးကုန် ပစ္စည်းအုပ်စုတွင် တင်သွင်းမှုလျော့နည်းခဲ့ သော်လည်း ရင်းနှီးမြှုပ်နှံမှုအုပ်စုနှင့် လုပ်ငန်း သုံးပစ္စည်းအုပ်စုတွင် တင်သွင်းမှု ပိုမိုခဲ့သော ကြောင့် သွင်းကုန်ပိုင်းတွင် ပိုမိုခဲ့ပြီး ကုန်သွယ် မှုပမာဏအနေဖြင့် ယခင်နှစ်ကာလတူထက် ပိုမိုခဲ့ခြင်းဖြစ်သည်။ လက်ရှိဘဏ္ဍာနှစ် ကိုးလကျော် လွယ် ဂျယ်နယ်စပ်ကုန်သွယ်မှု ဒေါ်လာ ၁၀၂သန်း ကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ် လာ ၃၃သန်း နီးပါးပိုမိုရရှိခဲ့သည်။ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်မှုဒေါ်လာသန်း ၂၀၀ နီးပါးရရှိပြီး ယခင်နှစ်ကာလတူ ထက်ဒေါ်လာ ၆၈သန်းကျော်ပိုမိုရရှိခဲ့သည်။ ကျိုင်းတုံနယ် စပ်မှ ကုန်သွယ်မှုဒေါ်လာရှစ်သန်းကျော်ရှိ ပြီး ယခင်နှစ် ကာလ တူထက် ဒေါ်လာငါးသန်း ကျော်လျော့ကျခဲ့သည်။ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုအခြေအနေ မြန်မာ-ထိုင်းနယ်စပ်တွင် မြဝတီ၊တာ ချီလိတ်၊ကော့သောင်း၊ မြိတ်၊ထီးခီး၊ မော တောင်၊ မယ်စဲ့ကုန်သွယ်ရေးစခန်းများဖြင့် ကုန်သွယ်မှုပြုလုပ်လျက်ရှိသည်။ လက်ရှိဘဏ္ဍာနှစ် ကိုးလကျော်အတွင်း မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှုဒေါ်လာ ၃၉၉၀ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူ ထက် ဒေါ်လာသန်း၃၀၀ ကျော်ပိုမိုရရှိခဲ့ သည်။

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ပတ်အ တွင်း ကုန်သွယ်မှုအခြေအနေကို လေ့လာ ကြည့်ပါက ဒီဇင်ဘာ ၁၇ ရက် မှ ၂၃ ရက်အထိ ကာလအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ ကုန် ဒေါ်လာ ၇ ဒသမ ၀၄၈သန်း၊ သွင်းကုန် ဒေါ်လာ ၁၈ ဒသမ ၆၇၅ သန်းဆောင်ရွက်နိုင် ၍ ကုန်သွယ်မှုပမာဏ တန်ဖိုး ဒေါ်လာ ၂၅ ဒသမ ၇၂၃ သန်း ဆောင်ရွက်နိုင်ခဲ့သည်။ ယခင်တစ် ပတ် ဆောင်ရွက်မှုနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်း တွင် ဒေါ်လာ ၈ ဒသမ ၈၂၁ သန်း လျော့နည်း ခဲ့ပြီး သွင်းကုန်ပိုင်းတွင် ဒေါ်လာ၂ ဒသမ ၃၆၅ သန်း ပိုမိုခဲ့သဖြင့် စုစုပေါင်း ကုန် သွယ်မှု ပမာဏအနေဖြင့် ဒေါ်လာ ၆ ဒသမ ၄၅၆သန်း လျော့နည်းခဲ့သည်။ ပို့ကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာ ရေထွက်ပစ္စည်းအုပ်စုနှင့် အခြားပစ္စည်း အုပ်စု တွင် တန်ဖိုးဒေါ်လာသုည ဒသမ ၁၆၉ သန်း ပိုမိုခဲ့သော်လည်း လယ်ယာထွက်ပစ္စည်းအုပ်စု တွင် တန်ဖိုး ဒေါ်လာ ၅ ဒသမ ၇၄၀ သန်းနှင့် စက်မှုကုန်ချောပစ္စည်းအုပ်စုတွင် တန်ဖိုး ဒေါ်လာ ၃ဒသမ ၂၅၀ သန်း လျော့နည်းခဲ့ခြင်း ကြောင့် ဖြစ်သည်။ သွင်းကုန်ပိုင်းတွင် ရင်းနှီး မြှုပ်နှံမှုပစ္စည်းအုပ်စုတွင်တန်ဖိုး ဒေါ်လာ သုည ဒသမ ၄၄၄ သန်း လျော့နည်းခဲ့သော် လည်း လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းအုပ်စု တွင် ဒေါ်လာ ၁ ဒသမ ၁၈၈ သန်းနှင့် လူသုံး ကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး ဒေါ်လာ ၁ ဒသမ ၆၂၁ သန်း ပိုမိုခဲ့သောကြောင့်ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါကာလအတွင်း မြဝတီကုန်သွယ် ရေးဇုန်မှ ပို့ကုန်အမည် များဖြစ်သော မြေပဲ ဆန်၊ နှမ်းဖြူ၊ ကြက်သွန်နီ၊ ကော်ဖီစေ့၊သီဟိုဠ် စေ့ (အခွံပါ)၊ ရော်ဘာစိမ်း၊ ပြောင်းကြိတ်ဖတ် မှုန့်၊ ငရုတ်ခြောက်၊ ဆန်မှုန့်၊ ချုပ်ပြီးအထည်နှင့် အခြားစက်မှုကုန်ချောပစ္စည်းများ တင်ပို့မှု လျော့နည်းခဲ့ပြီး ငါးမျိုးစုံနှင့် အခြားပစ္စည်းများ ပိုမိုတင်ပို့ခဲ့သည်။ သွင်းကုန်အနေဖြင့် ဓာတု ဗေဒပစ္စည်းများ၊ သုတ်ဆေးပေါလစ်များ၊ အ ခြားစက္ကူများ၊ ချည်ထည်များ၊ ဆေးဝါး ပစ္စည်းများနှင့် အလှကုန်ပစ္စည်းမျိုးစုံတင် သွင်းမှုပိုမိုခဲ့သည်။ COVID-19 ကပ်ရောဂါကြောင့် သုံး နှစ်ကြာ ပိတ်ထားခဲ့ရသော မြန်မာ-ထိုင်း နယ်စပ် မြဝတီ-မဲဆောက်အမှတ်(၁)ချစ် ကြည်ရေးတံ တားအား ၂၀၂၃ ခုနှစ် ဇန်နဝါရီ  ၁၂ ရက် နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့ သည်။ အမှတ်(၁) ချစ်ကြည်ရေးတံတား ဖွင့် လှစ်နိုင်ခဲ့ခြင်းကြောင့် မြဝတီ-မဲဆောက် စျေး ဝယ်၊စျေးသည်ခရီးသွားလာရေး အဆင် ပြေ ကြမည်ဖြစ်သကဲ့သို့ မြဝတီ-မဲဆောက်  ခရီးသည်ပို့ဆောင်ရေးယာဉ်ငယ်များ ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း များလည်း စတင် ပြေး ဆွဲနေပြီဖြစ်ကြောင်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ် အမှတ်(၁)ချစ် ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်ပြီးနောက် မြန်မာနှင့် ထိုင်းနယ်စပ် ကုန်သွယ်ရေး တွင် ဘတ်-ကျပ် ငွေစာရင်း ဖွင့်လှစ်နိုင်ကြောင်း ပြည်တွင်းဘဏ်အချို့က ကြေညာခဲ့သည်။ ထိုင်းနိုင်င ံနှင့် မြန်မာနိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်ရေးနည်းလမ်းဖြင့် ကုန်စည် များ တင်ပို့ခြင်း၊ တင်သွင်းခြင်းများကို ဆောင် ရွက်ရာတွင် လုံခြုံစိတ်ချစွာ ငွေလွှဲနိုင်ရန် ဘတ်-ကျပ်ငွေစာရင်းများကို ဖွင့်လှစ်နိုင်ခြင်း ဖြစ်သည်။ ချစ်ကြည်ရေးတံတား အမှတ် (၁) ဖွင့် လှစ်နိုင်ခြင်းကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စများအားလုံး အဆင်ပြေကြ မည်ဖြစ်ကြောင်း မြဝတီနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း ဥက္ကဋ္ဌဒေါ်သင်းသင်း မြတ်က ပြောကြားသည်။

“တံတားဖွင့်တာကတော့ သုံးနှစ်နီးပါး စောင့်ခဲ့ရတာ။ ယနေ့ တံတားဖွင့်လှစ်တာ မင်္ဂလာရှိတာပေါ့နော်။ ယခင်တံတားပိတ် ထားစဉ်က ကုန်စည်စီးဆင်းမှုမရပ်တန့်စေဖို့ အမှတ်(၂)ချစ်ကြည်ရေးတံတားက ဆောင် ရွက်ခဲ့ ကြတယ်။ အခု အမှတ်(၁)ချစ်ကြည်ရေး တံတား ဖွင့်လှစ်တော့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး အားလုံးအတွက် ကောင်းတာ ပေါ့နော်။ ထိုင်းလုပ်ငန်းရှင်တွေကလည်း  မြန်မာဘက်မှာ လာရောက်ပြီး မျက်မြင်ဝယ် ယူလို့ရသလို မြန်မာဘက်ကလုပ်ငန်းရှင် တွေကလည်း သွားလာလို့ရပြီပေါ့နော်။ အား လုံးအတွက် အဆင်ပြေပါတယ်”ဟု ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က ပြောကြားသည်။