ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ အုတ်တွင်းမြို့နယ်တွင် စကားဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်းရှိ ပါတီ တာဝန်ရှိသူများနှင့် ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက စကားဝိုင်းဆွေးနွေးပွဲအားကျင်းပပြုလုပ်ခဲ့သည် ။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲစကားဝိုင်းသို့ ပါတီ၏ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးရဲမြင့်ထွန်းနှင့် တိုင်းပါတီကော်မတီဝင်များ ၊ တောင်ငူခရိုင်ပါတီဥက္ကဌနှင့်ခရိုင်ပါတီတာဝန်ရှိသူများ ၊ အုတ်တွင်းမြို့နယ်ပါတီ ဥက္ကဌနှင့် မြို့နယ်ကော်မတီဝင်များ ၊ ရပ်ကွက်/ ကျေးရွာအုပ်စုများရှိပါတီဝင်များ အမျိုးသမီးများ ၊ လူငယ်များမှ တက်ရောက်ဆွေးနွေးခဲ့သည် ။

ရှေးဦးစွာ ပါတီ၏ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီ၏ဥက္ကဌ ဦးရဲမြင့်ထွန်းမှ ပါတီပြုပြင်ပြောင်းလဲစွာ လှုပ်ရှားဆောင်ရွက်နေသောကိစ္စရပ်များ ၊ တိုင်းဒေသကြီးပါတီမှလှုပ်ရှားဆောင်ရွက်နေသော လုပ်ငန်းစီမံချက်များ ၊ သုံးလတာ ရက်ပေါင်း ၉၀ လုပ်ငန်းကိစ္စရပ်များ ၊ ပါတီဝင်များ၏လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ၊ ကျောချင်းကပ် ရင်ချင်းအပ် စည်းလုံးညီညွတ်စွာစုစည်းစွာရှိစေရေး စသည့်ကိစ္စရပ်များကိုအကျယ်တစ်ဝင့်ဆွေးနွေးခဲ့သည် ။ တိုင်းဒေသကြီးပါတီ၏ အတွင်းရေးမှူး ဦးအောင်နိုင်မှ ပါတီ၏မူဝါဒများ ၊ လုပ်ငန်းစီမံချက်များ ၊ နယ်မြေကွင်း ဆင်းရာတွင် ဆင်ခြင်သတိပြု ရှောင်ရှားစေရန်ကိစ္စရပ်များအားအကျယ်တစ်ဝင့်ဆွေးနွေးခဲ့ပြီး တောင်ငူခရိုင်ပါတီ ဥက္ကဌ ဦးကျော်ဌေးမှ ခရိုင်ပါတီ၏ပါတီလုပ်ငန်း ဆောင်ရွက်မှုများအား အကျယ်တစ်ဝင့်ဆွေးနွေးခဲ့သည်။ ဆွေးနွေးချက်များ အပေါ်တက်ရောက်လာကြသော အုတ်တွင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု( ၅၁ ) ရှိပါတီအမာခံများမှ ပြန်လည်မေးမြန်းခြင်း ၊ ဆွေးနွေးခြင်း ၊အကြံပြုခြင်းများအားဆောင်ရွက်ခဲ့ပြီး ပြန်လည်ဆွေးနွေး မေးမြန်းချက်အပေါ် တိုင်းပါတီ ၊ခရိုင်ပါတီ ၊မြို့နယ်ပါတီတာဝန်ရှိသူများမှပြန်လည်ရှင်းလင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။ အစီစဥ်အရ ဗဟိုကော်မတီဝင် တိုင်းဒေသကြီးလူငယ်ရေးရာတာဝန်ခံ ဒေါက်တာသန့်ဇော်လွင်မှ မြန်မာနိုင်ငံ၏ရွေးကောက်ပွဲစနစ်များ ၊ PR စနစ်အကြောင်း ၊ပါတီနှင့်လူငယ်ရေးရာကဏ္ဍစသည့်တို့ကို ရှင်းလင်း ပြောကြားခဲ့ပြီး ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီမီဒီယာတာဝန်ခံ ဒေါက်တာထူးခြားအောင်မှ ပါတီနှင့် မီဒီယာကဏ္ဍ ၊ လူငယ်နှင့်မီဒီယာကဏ္ဍစသည်တို့ကိုအကျယ်တဝင့် ဆွေးနွေရှင်းလင်းပြောကြားခဲ့ပြီး ရှင်းလင်း ဆွေးနွေးချက် များအပေါ်တက်ရောက်လာကြသူများမှ ပြန်လည်ဆွေးနွေးခြင်း အကြံပြုခြင်းများအားဆောင်ရွက်ခဲ့ပြီး ထူးချွန်စွာဆွေးနွေးနိုင်ခဲ့သူများအား ပါတီ၏တာဝန်ရှိသူများမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့် ခဲ့သည် ။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲစကားဝိုင်းမှ ပါတီ၏ရှေ့လုပ်ငန်းစဉ်များအား ချမှတ်နိုင်ခဲ့သည် ။ ပဲခူးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပါတီ၏ သုံးလတာ ရက်ပေါင်း ၉၀ လုပ်ငန်းစဥ်များ ရာနှုန်းပြည့် ပြီးစီး အောင်မြင်နိုင်ရေးအတွက် နယ်မြေကွင်းဆင်းခြင်း ၊ သက်ဆိုင်ရာခရိုင် ၊မြို့နယ် ၊ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ထိတွေ့ကွင်းဆင်းခြင်း ၊ ရေးရာကဏ္ဍများအလိုက် လုပ်ငန်း စဉ်များ လစ်ဟာမှုမရှိစေရေးအတွက် စဥ်ဆက်မပြတ်စီမံ ဆောင်ရွက်လျှက်ရှိသည်။