ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ မေ ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂ဝ၁၈) အား ယမန်နေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ပါတီဌာနချုပ် အစည်းအဝေးခန်းမ (၁) ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး/ ပြည်နယ် ပါတီဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် လိုအပ်ချက်များကို တင်ပြ ဆွေးနွေးကြသည်။ ယင်းနောက် ဗဟိုအတိုင်ပင်ခံများနှင့် ကော်မတီများ၊ ဌာနကြီးများ၊ ရေးရာကော်မတီတာဝန်ခံ များက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုများ ဆွေးနွေးတင်ပြကြပြီး ပထမနေ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ညနေ ၄ နာရီ ၄၅ မိနစ်တွင် ရပ်နားခဲ့သည်။

အစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတိုင်ပင်ခံ များ၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ပါတီဥက္ကဋ္ဌများ နှင့် ဒုတိယဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သိရှိရပြီး ယခုလ ၁၈ ရက်တွင် အစည်းအဝေး ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။