ပါတီဝင်အသစ်များ အဆိုပြုလွှာဖြည့်ခြင်းအား ကွင်းဆင်းဆောင်ရွက်

ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီသို့ပါတီဝင်အသစ်များ ဝင်ရောက်သည့် အဆိုပြုလွှာ ပုံစံများဖြည့်ခြင်းကို ၃၀၊ ၁၁၊ ၂၀၂၂ ရက်နေ့ နံနက် ၉:၀၀ နာရီ က နဝင်းရပ်ကွက် ဖိုးခေါင်နယ်မြေတွင် ဆောင်ရွက်ရာ မြို့နယ်အတွင်းရေးမှူး ဒေါ်မိုးမိုးစံ နှင့် မြို့နယ်ကော်မတီဝင် ဦးစိုးမြင့် တို့ဦးဆောင်ပြီး ပါတီဝင်အသစ်များ ပုံစံဖြည့်ခြင်းနှင့်ဓါတ်ပုံရိုက်ကူးခြင်းများဆောင်ရွက်ကြောင်းသိရှိရပါသည်။