ညောင်ဦးမြို့နယ်ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၂၈-၁၁-၂၀၂၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ညောင်ဦးမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ ညောင်ဦးခရိုင်ပါတီဥက္ကဌ ဒေါ်မြသန္တာဦးနှင့် ကော်မတီဝင်များ၊ ညောင်ဦးမြို့နယ် ဥက္ကဌဦးအောင်ဌေးနှင့် ကော်မတီဝင်များတက်ရောက်ခဲ့ပြီးရက်(၉၀)စီမံချက်ပါ လုပ်ငန်းစဉ်များအကောင်အထည် ဖော် ဆောင်ရွက်ရေး ကိစ္စများရှင်းလင်းခြင်း၊ ပါတီဝင်အင်အားစီစစ်ရေး၊ ပါတီဝင်အသစ်နှင့်ပါတီဝန်းရံအင်အား တိုးချဲ့စည်းရုံးရေးကိစ္စရပ်များ၊ လူငယ်/အမျိုးသမီးကဏ္ဍ စကားဝိုင်းဆွေးနွေးပွဲများ စဉ်ဆက်မပြတ်ပြုလုပ်ရေး လုပ်ငန်းစဉ်များဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှလည်းသိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေး ခဲ့ကြပါသည်။