ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှပါတီဝင်အင်အားစိစစ်ခြင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ပြည်ခိုင်ဖြိုးပါတီဗဟိုဌာနချုပ်၏လမ်းညွှန်ချက်ဖြစ်သော ပထမ(၃)လပတ်၊ ရက်(၉၀)စီမံချက်ပါ လုပ်ငန်းစဉ်တစ်ခုဖြစ်သော ပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ(၂၇-၁၁-၂၀၂၂)ရက်နေ့ နံနက်(၁၀)နာရီမှညနေ(၃)နာရီအချိန်ထိ ချမ်းအေးသာစံ မြို့နယ်ပါတီရုံးတွင် မြို့နယ်ဥက္ကဌ ဦးကျော်ကျော်ဌေး၊အတွင်းရေးမှုး ဦးစန်းမောင်နှင့်ကော်မတီဝင် များ၊ ရပ်ကွက်ပါတီဥက္ကဌများမှ ဆောင်ရွက်ခဲ့ကြပါသည်။