အကူညီလိုအပ်နေသောပြည်သူများအားတွေ့ဆုံအားပေး၍စားနပ်ရိက္ခာများထောက်ပံ့

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းတိုင်းဒေသကြီးပါတီဥက္ကဌ ဦးရဲမြင့်ထွန်း ၏ စီမံလမ်းညွန်မှုဖြင့် ရွှေကျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဌ ဦးဇော်ဝင်းနှင့် မြို့နယ်ပါတီတာဝန်ရှိသူများသည် အနောက်ဘက်ကျေးရွာရှိအကူညီလိုအပ်နေသောပြည်သူများအားသွားရောက်၍အားပေးနှစ်သိမ့်ခြင်း စားနပ်ရိက္ခာ များ ထောက်ပံ့လှူဒါန်းပေးခြင်းများဆောင်ရွှက်ခဲ့ကြောင်းသိရသည် ။

သွားရောက်လှူဒါန်းခဲ့ရာတွင် ပြည်သူ (၁၈၀)ဦးရေအတွက် ပါတီအနေကဖြင့် ဆန် ၊ ကြက်ဥ ၊ အလှူရန်ပုံ ငွေများပေးအပ်လှူဒါန်းခဲ့ပြီး တစ်ဦးချင်းအား အားပေးနှစ်သိမ့်ခဲ့ပြီး လိုအပ်သော အကူအညီကိစ္စရပ်များအား အချိန်မရွှေး အကူညီတောင်းခံနိုင်ကြောင်း မိမိတို့ အနေဖြင့် တက်စွမ်းနိုင်သည့် ကိစ္စရပ်များကိုမတုံ့ဆိုင်းပဲ ကူညီသွားမည်ဖြစ်ကြောင်း စသည်တို့အကျယ်တစ်ဝင့် ပြောကြား အားပေးနှစ်သိမ့်ခဲ့သည် ။ ပြည်သူများမှ ယခုကဲ့သို့လာရောက် အားပေးလှူဒါန်းအမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပါတီ၏ခေါင်းဆောင် အဆင့်ဆင့်အား လဲကျေးဇူးအထူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သည် ။

#USDP #Bago