ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ မြို့နယ်ပါတီကော်မတီ အစည်းအဝေးအား နိုဝင်ဘာလ ၁၉ရက် နေ့ နေ့လည် ၁၃:၀၀ မှ ညနေ၁၅:၀၀ အချိန်အထိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ မဂ်လာဒုံခရိုင်ပါတီ အတွင်းရေးမှူး ဒေါ်ချမ်းမြအေးမှ ဗဟိုနှင့် တိုင်းပါတီကော်မတီဝင်၊မဂ်လာဒုံခရိုင်နယ်မြေတာဝန်ခံ ဦးတင်မောင်ဝင်းနှင့်ခရိုင်ပါတီဥက္ကဌ ဦးမျိုးမင်းနိုင် တို့၏ ဦးဆောင်လမ်းညွှန်မှု့ဖြင့် ကဏ္ဍအလိုက် နယ်မြေအလိုက် ရေးရာအလိုက်စီမံဆောင်ရွှက်နေမူများ မီဒီယာကဏ္ဍ ၊ လူငယ်နှင့်အမျိုးသမီးရေးရာကိစ္စရပ်များအားဆွေးနွေးမေးမြန်းခဲ့ပြီး မဂ်လာဒုံခရိုင်ပါတီဘဏ္ဍာ ရေးမှုး၊ မြို့နယ်ယာယီ ပါတီ ဥက္ကဌ ဦးထွန်းထွန်းဦးမှ ဆွေးနွေးမေးမြန်းချက်များအပေါ် သက်ဆိုင်ရာ ရေးရာတာဝန်ခံများ နယ်မြေ တာဝန်ခံများမှ ဆောင်ရွှက်နေသောလုပ်ငန်းများ မြေပြင်အခြေနေများ အခက်ခဲများ ထိတွေ့စည်းဝေးခြင်း ဆိုင်ရာမှတ်စုများအားပြန်လည်တင်ပြရှင်းလင်းခဲ့ပြီး တင်ပြချက်များအပေါ် စုပေါင်း၍မှတ်ချက်ပြုခြင်း စည်းကမ်း များ သတ်မှတ်ခြင်း ဆုံးဖြတ်ချက်ချခြင်း ရှေ့လုပ်ငန်းစဉ်များအားတိုင်ပင်ဆွေးနွေးခြင်းများအား ဆောင်ရွှက်ခဲ့ပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့သည် ။ ရွှေပြည်သာ USDP