အမေရိကန်ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်တွေက အောက်လွှတ်တော်ကို ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ရ

အမေရိကန် ရဲ့ သက်တမ်းဝက်ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်တွေ က သမ္မတ ဂျိုးဘိုင်ဒန် ရဲ့ ဒီမိုကရက်တွေဆီကနေ အောက်လွှတ်တော်ကို ထိန်းချုပ်သွားမယ်လို့ မျှော်လင့်ရကြောင်း သတင်းတွေက ဖော်ပြပါတယ်။

နိုင်ငံတစ်ဝှမ်း မဲပေးမှုတွေ ပြီးဆုံးသွားချိန်မှာပဲ ရီပတ်ဘလီကန်တွေ က မူလက ဒီမိုကရက်တစ်တွေ ရယူထားတဲ့ အမတ်နေရာ ငါးနေရာကို အနိုင်ရရှိခဲ့တယ်လို့ Edison Research အဖွဲ့ က ခန့်မှန်းထားပါတယ်။ ဒါနဲ့အတူ ရီ ပတ်ဘလီကန်တွေက အောက်လွှတ်တော် လူများစုနေရာကို ထိန်းချုပ်သွားနိုင်ပါတယ်။

ဒါပေမယ့်လည်း အောက်လွှတ်တော် က အမတ်နေရာ ၄၃၅ နေရာ အနက် နေရာ ၂၀၀ မှာတော့ အဖြေ မထွက်သေးပါဘူး။ ဒီထဲမှာ လူကြိုက်နည်းတဲ့ ရီပတ်ဘလီကန် အမတ်နေရာတွေလည်း ပါဝင်ပါတယ်။

ဒါပေမယ့်လည်း စောစောပိုင်း ရလဒ်တွေ အရတော့ သမ္မတ ဂျိုးဘိုင်ဒန် ရဲ့ ဒီမိုကရက်တွေ က သူတို့ စိုးရိမ်နေသလို ရွေးကောက်ပွဲကို အပြတ်အသတ် ရှုံးနိမ့်မယ့် အခြေအနေတော့ မရှိကြောင်း သိရပါတယ်။

အထက်လွှတ်တော် ရွေးကောက်ပွဲကတော့ ဘယ်သူအနိုင်ရမလဲ ဆိုတာ ပြောလို့ မရတဲ့ အခြေအနေဖြစ်နေပြီး ပင်ဆယ်ဗေးနီးယား ၊ နီဗားဒါး နဲ့ ဂျော်ဂျီယာပြည်နယ် က ရလဒ်တွေ က  အဆုံးအဖြတ်ပေးဖွယ် ရှိနေပါတယ်။

ဂျော်ဂျီယာပြည်နယ် က ရွေးကောက်ပွဲ က နောက်တစ်ကြိမ် မဲခွဲမှုဆီ ဦးတည်နိုင်ကြောင်း သိရပါတယ်။

-Ref:Reuters