ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီမှ ပါဝင်လှူဒါန်း

ပြည်၊ အောက်တိုဘာ ၃၁

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် တည်ထားကိုးကွယ်သော လေးဆူဓာတ်ပျော် ရွှေဆံတော်ဘုရားကြီး ၂၆၁၁ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၃၁-၁၀-၂၀၂၂ ရက်နေ့ နံနက် ၀၇:၀၀ အချိန်တွင် စေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာအဖွဲ့မှလည်း ပါဝင်လှူဒါန်းရာ တိုင်းပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ချိုဦး၊ တိုင်းပါတီအတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ တိုင်းပါတီအမျိုးသမီးရေးရာတာဝန်ခံနှင့် ကော်မတီဝင်များ၊ ပြည်ခရိုင်ပါတီဥက္ကဋ္ဌ၊ ခရိုင်အမျိုးသမီးရေးရာတာဝန်ခံနှင့် ကော်မတီဝင်များ၊ ပြည်မြို့နယ် ပါတီဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသမီးရေးတာဝန်ခံနှင့် ကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ပြီး ဆွမ်းဆန်နှင့် လှူဘွယ်ဝတ္ထုအစုစုတို့အား လှူဒါန်းခဲ့ကြပါသည်။