မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အလယ်ခြမ်း ရပ်ကွက်များ နှင့် တွေ့ဆုံ၍ အစည်းအဝေးပြုလုပ်

ရန်ကုန်။ ။အောက်တိုဘာ (၁၉)

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပါတီရုံး ခန်းမတွင် မြို့နယ်ပါတီကော်မတီနှင့် အလယ်ခြမ်းရှိ ရပ်ကွက်ပါတီကော်မတီဝင်များ တွေ့ဆုံ၍ အစည်းအဝေးကို၂၀၂၂ ခုနှစ်၊  အောက်တိုဘာလ (၁၉) ရက်နေ့လည်(၂:၃၀) က ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးကို မြို့နယ်ပါတီအတွင်းရေးမှုး ဦးတင်ရှိန်နှင့် ကော်မတီဝင်များ၊ အလယ်ခြမ်း (၆)ရပ်ကွက်ရှိ ပါတီခေါင်းဆောင်များနှင့် ကော်မတီဝင်များတက်ရောက်ကြပြီး မြို့နယ်ပါတီအတွင်းရေးမှုး ဦးတင်ရှိန် မှ ပါတီ ဥက္ကဌကြီး၏ လမ်းညွှန်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် ပါတီလုပ်ငန်းစဥ်များအား ရှင်းလင်းဆွေးနွေး၍ ရပ်ကွက်ခေါင်းဆောင်များမှလည်း အပြန်အလှန် တင်ပြ ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေ (၄)နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။ ထို့နောက် သာယာကုန်းရပ်ကွက်၊ လွတ်လပ်ရေးရပ်ကွက်၊ တောင်ညွန့်ကြီးရပ်ကွက် နယ်မြေတာဝန်ခံများက ၎င်းတို့၏ သက်ဆိုင်ရာ ရပ်ကွက်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ၍ စကားဝိုင်းများ ကျင်းပခဲ့ကြောင်း သိရသည်။