လေယာဉ်လက်မှတ်အတု ပြုလုပ်ကာ ခရီးသည်များကို လိမ်လည် ရောင်းချမှုများရှိသဖြင့် လေကြောင်းလိုင်းအချို့ အသိပေးချက်ထုတ်ပြန်

လေယာဉ်လက်မှတ်အတုပြုလုပ်ကာ ခရီးသည်များကို လိမ်လည်ရောင်းချမှုများ ရှိသဖြင့် လေကြောင်းလိုင်းအချို့ အသိပေးချက်ထုတ်ပြန်ထားသည်။

လေယာဉ်လက်မှတ်အတုပြုလုပ်ပြီး ရောင်းဝယ်မှုများရှိနေသဖြင့် ပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်သည့် MAI နှင့် Air KBZ မှ အရေးပေါ်သတိပေးချက်ဟုဆိုကာ ထုတ်ပြန်ထားသည်။

လေကြောင်းလိုင်းများ၏ လေယာဉ် ခရီးစဉ်လက်မှတ်များကို မသမာသူများမှ အတုအပပြုလုပ်၍ ခရီးသည်များထံ လိမ်လည်ရောင်းချနေသည့် သတင်းများကို ကြား သိနေရကြောင်း၊ အဆိုပါ လိမ်လည်ရောင်းချ နေသူများသည် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တရားဝင်လက်မှတ်အရောင်းကိုယ် စားလှယ်များ၏အမည်ကို အလွဲသုံးစားပြု လုပ်၍ လည်းကောင်း၊ တစ်ဆင့်ခံလက်မှတ် အရောင်းကိုယ်စားလှယ်များအဖြစ် Account များနှင့် Page များ အတုအပပြုလုပ်၍လည်းကောင်း အယောင်ဆောင်လိမ်လည်လျက် ရှိသည်ဟု Air KBZ က ထုတ်ပြန်ထားသည်။

ယင်းကြောင့် MAI နှင့် Air KBZ ၏ ခရီးသည်များအနေဖြင့် လိမ်လည်ရောင်းချခံ ရခြင်းမှ ရှောင်ရှားနိုင်ရန် မိမိတို့ဝယ်ယူထားသည့်လက်မှတ်များ မှန်ကန်မှုရှိ၊ မရှိကို ငွေပေးချေမှုမပြုမီ MAI နှင့် Air KBZ ၏ တရား ဝင် website များ ဖြစ်သည့် www.airkbz.com ESifh www.maiair.com  တို့တွင် PNR (သို့) e-ticket number  ဖြင့် ကိုယ်တိုင်ဝင် ရောက် စစ်ဆေးနိုင်သလို Facebook Messen- ger တွင်လည်း လာရောက်စစ်ဆေးနိုင်ကြောင်း အထူးအလေးထား အသိပေးတိုက်တွန်းအပ် သည်ဟု ဖော်ပြထားသည်။

အလားတူ Air Thanlwin လေကြောင်း လိုင်းကလည်း လေကြောင်းလိုင်းများ၏ အ ရောင်းကိုယ်စားလှယ်များအသွင် တုပပြီး ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် လိမ်လည်ရောင်းချနေ သည်ကို ကြားသိနေရကြောင်း၊ ယင်းကြောင့် ခရီးသွားများအနေဖြင့် လေကြောင်းလိုင်းက တရားဝင်ဖွင့်လှစ်ထားသည့် လူမှုကွန်ရက်စာ မျက်နှာနှင့် ဖုန်းနံပါတ်များသို့လည်းကောင်း၊ လေကြောင်းလိုင်း၏ အရောင်းကိုယ်စားလှယ် များမှတစ်ဆင့် ဝယ်ယူနိုင်ကြောင်း အသိပေးပါ သည်ဟု ထုတ်ပြန်ထားသည်။