စစ်ဘေးရှောင်ပြည်သူများအားသွားရောက် ထောက်ပံ့လှူဒါန်း

နောင်ချို ဩဂုတ် ၃၁

(၃၁.၈.၂၀၂၂)ရက်နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီနှင့် ကျောက်မဲခရိုင်ပါတီတို့ ဦးဆောင်၍  နောင်ချိုမြို့နယ် ဟိုခို /ဒိုးပင် /ကုလားကွဲ ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ဒေသခံပြည်သူ(၈၀၀)ဦး အတွက် စုစုပေါင်း(၁၂၅၀၀၀၀)ဆယ့်နှစ်သိန်းငါးသောင်းကျပ် တန်ဖိုးရှိ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ရေသန့်ဗူး၊ အာလူးသီး၊ ဆေးမျိုးစုံ တို့အား ပြည်နယ် ကော်မတီဝင် ဦးခင်မောင်ချို၊ ကျောက်မဲခရိုင် ပါတီ ဥက္ကဌ ဦးသန်းထိုက်ဇော်နှင့်  ကော်မတီဝင်များ သွားရောက်လှူဒါန်းခဲ့ပါသည်။