အဝေးပြေးယာဉ်များ လူမဲ့တန်ဆာပစ္စည်းတင်ဆောင်ခွင့်မပြု

တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် အောင်မင်္ဂလာအဝေးပြေးနဲ့ ဒဂုံဧရာအဝေးပြေးကပြေးဆွဲပေးနေတဲ့ အဝေး ပြေး ခရီးသည်ယာဉ်လိုင်းတွေကနေ တန်ဆာပစ္စည်းတင်ဆောင်တာတွေနဲ့ လူမဲ့တန်ဆာတင်ဆောင်တာတွေကို ခွင့်ပြုထားတာမရှိဘူးလို့ YRTC ကော်မတီဝင် ဦးဘမြင့်က ပြောပါတယ်။ သြဂုတ် ၉ ရက် နေ့လယ် ၂ နာရီက YRTC အစည်းအဝေးခန်းမမှာပြုလုပ်ခဲ့တဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။ အဝေးပြေး ယာဉ်လိုင်းတွေမှာ ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ခွင့်မပြုဖို အရင်ကတည်းက ညွှန်ကြားထားတာ ဖြစ်တယ်လို့လည်း ဦးဘမြင့်ကပြောပါတယ်။

ကိုဗစ်ကာလအတွင်းမှာတော့ ခရီးသည်သွားလာတာနည်းပါးတဲ့အပေါ် တရားဝင်ခွင့်ပြုထားတာမဟုတ်ပေမယ့် ယာဉ်မောင်းတွေအနေနဲ့ နားလည်မှုနဲ့သာ ပိုဆောင်ပေးနေကြတာဖြစ်ပြီး ကုန်အစ္စည်းတင်ပို့လိုပါက ဘုရင့်နောင် ကုန်စည်ပို့ဆောင်ရေးနဲ့ တခြားကုန်တင်ယာဉ်တွေနဲ့သာ ပို့ဆောင်ရမှာဖြစ်တယ်လို့ဆိုပါတယ်။ အောင်ဆန်းကွင်း ကနေ ကုန်ပစ္စည်းပို့ဆောင်ပေးနေတဲ့ ယာဉ်လိုင်းဂိတ်တွေအနေနဲ့လည်း အရင်ကတည်းက လက်မှတ်အရောင်း ဌာနအနေနဲ့သာ ခွင့်ပြုပေးထားဖြစ်ပြီး ကုန်ပစ္စည်းတွေ လက်ခံပိုဆောင်ပေးဖို့ ခွင့်ပြုပေးထားတာမဟုတ်ဘူးလို့ ဆိုပါတယ်။

ခရီသည်ပို့ဆောင်ရေး အဝေးပြေးယာဉ်ဝန်းနှစ်ခုအနေနဲ့ ခရီးသွားပြည်သူတွေနဲ့အတူ ပါရှိ လာတဲ့ တစ်ပိုင်တစ်နိုင် ကုန်ပစ္စည်းတချို့ကိုသာ သယ်ယူခွင့်ပြုထားတာဖြစ်ပြီး လူမဲ့ကုန်အစ္စည်းတွေကိုတော့ လက်ခံပို့ဆောင်ဖို့ခွင့်မပြု ထားဘူးလို့ သိရပါတယ်။ အောင်ဆန်းကွင်းလက်မှတ်အရောင်းဌာနတွေကနေ ကုန်ပစ္စည်းပိုဆောင်ပေးနေတာ တွေဟာလည်း YRTC နဲ့ သက်ဆိုင်ခြင်းမရှိဘူးလိုဆိုပါတယ်။ အောင်ဆန်းကွင်းဂိတ်တွေကပစ္စည်းတင်ပို့တဲ့ အဝင် အထွက်တွေကို အခုလ ၄ ရက်ကစပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပိတ်သိမ်းခိုင်းတာ တွေ့ရှိခဲ့တဲ့အပေါ် လူမှုကွန်ရက်မှာဝေဖန်မှုတွေ ရှိခဲ့တာလည်းဖြစ်ပါတယ်။  onenews