မြို့နယ်(၃)ခုမှ နိုင်ငံ့ဝန်ထမ်းများ လစာနှစ်ဆတိုး

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်သုံးခုမှာ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို သုံးလစာ အတွက် မူရင်းလစာရဲ့ နှစ်ဆကို ခံစားခွင့် ပြုထားတယ်လို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကထုတ်ပြန် ပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တာဝန် ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အဲဒီဒေသတွေရဲ့ လက်ရှိအခြေအနေအရ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ သုံးလစာအတွက် မူရင်းလစာရဲ့ နှစ်ဆကို ခံစားခွင့် ပြုတာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

အဲဒီအပြင် မောင်တောမြိုနယ်နဲ့ ဘူးသီးတောင်မြိုနယ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ နေ့စားအလုပ်သမား တွေကိုလည်း ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလတွေအတွက် တစ်ရက်လုပ်ခ ကျပ်(၆၅၀၀)ကို အထူးကိစ္စရပ်အနေနဲ့ ခံစားခွင့် ပြုလိုက်တယ်လိုလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲဒီလို ခံစားခွင့် ပြုဖိုကိစ္စကို ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး ခွင့်ပြုချက်နဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့တာ လည်းဖြစ်ပါတယ်။